စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

22 Feb 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၃

မိုးအေးအေးနဲ့ အကြော်စုံ ကြော်စားဖို့ စိတ်ကူးရတာ နဲ့ ညတည်းက တို့ ဟူး ကြိုထားတယ်။ မနက်ရောက်တော့ အကြော်ကြော်ဖို့ ပြင်ဆင်ပြီး အကြော်စုံနဲ့ တွဲစားဖို့ ကြက်သွန်နီ ဆီသပ်၊ ဆနွင်းမှုန့် ထည့် ၊ ပြီးရင် ထမင်းထည့်ကြော် ၊ ထမင်းကြော်နေတုန်း ရေနွေးအိုး တည်ထား၊ အားလုံးရပြီဆို ပြင်ဆင်ပြီး စားလိုက်တာ တမနပ်စာ အတွက်တော့ ဗိုက်ကို ဝသွားတာပဲ ။ တစ်ယောက်တည်း လုပ်ရင်း ကိုင်ရင်း စားလို့ လည်းကောင်း မောလည်း မောပေါ့။ :P 

တို့ ဟူးကြော်

ခရမ်းသီးကြော်၊ ကြက်သွန်ကြော် ၊ အာလူးကြော်



ဆီကြော်တွေ အစားများသွားလို့ ပန်းသီး ၊ ပန်းသစ်တော် ၊ စပျစ်သီးတို့ ကို ဘလူးဘယ်ရီ ဂျူ့ ထည့် ပြီး လည်ချောင်း ရှင်းလိုက်ပါတယ်။ အဟမ်း အဟမ်း :)