စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

20 Feb 2012

စားကြမယ့်ကောင်းကောင်း - ၁၃

ဒီတခါ အလှည့်ကျတာကတော့ ကြက်သား၊ အာလူး အုန်းနို့ ချက် ၊ ငပိချက် (sambal belacan) တို့ ဖြစ်ပါတယ်။

ကြက်သား ၊ အာလူး ချက်ဖို့ အတွက်
  • ကြက်သားကို အနေတော် တုံး ၊ ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် နဲ့ နယ်ပြီး နှပ်ထားပါတယ်။
  • အာလူးကိုလည်း အခွံနွှာ အနေတော်တုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် နဲ့ နယ်ထားပါတယ်။
  • ဆီသတ်ဖို့ အတွက် ကြက်သွန်ဖြူ ၊ နီ ထောင်းပါတယ်။
  • ချက်ဖို့ အဆင်သင့် ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ဆီကျက်ရင် ကြက်သွန်ဖြူ ၊ နီ ထောင်းကို ဆီသတ်ပါတယ်။ အရောင်နွမ်းသွားလောက်ပြီဆို ကြက်သား နဲ့ အာလူး ထည့်ပြီး အရေခွံများ တင်းလာအောင် ခဏလောက်မွှေပြီး ရေထည့်လိုက်ပါတယ်။ 
  • အားလူး ရော ကြက်သားရော နပ်လောက်ပြီဆို အုန်းနို့ အနည်းငယ် ပျဉ်းတော်သိမ် (curry leaf) အနည်းငယ် ထည့်လိုက်ပါတယ် ။


sambal belacan -
  • အရောင်လှဖို့ အတွက် ငရုတ်စို အပွတောင့် လက်တစ်ဆုပ်
  • အစပ် အတွက် ငရုတ်သီး အနီရောင် ၇ တောင့် (အစပ်ကြိုက်ရင်တော့ ပိုထည့်ပါ)
  • ခရမ်းချဉ်သီး နှစ်လုံး ကြော်ဖို့ အဝိုင်းလေးတွေ လှီးထားပါ (ခရမ်းချဉ်သီး သိပ်မကြိုက်ရင်တော့ တစ်လုံးပဲ ထည့်ပါ)
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငပိ ဇီးဖြူသီး လောက်ခန့် 
  • ဆား ၊ ဟင်းခပ်မှုန့် ၊ ဆီ
  • အားလုံးပြင်ဆင်ပြီးပြီဆို  မီးဖိုပေါ် ဆီအိုးတင် ဆီကျက်ပြီဆို ကြက်သွန်ဖြူ အပူပေးရုံလောက် ကြော်ပါတယ်.ပြီးရင် ခရမ်းချဉ်သီး ဝိုင်းတွေ နဲ့ ငရုတ်သီးတွေ နွမ်းသွားအောင် ကြော်ပါ။ 
  • ငပိကို မီးဖုတ်ပါတယ်။
  • အဆင့်သင့် ရပြီဆို အားလုံးဆယ်ထားပြီး ငရုတ်ဆုံနဲ့  အပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေ အကုန်ထည့်ထောင်းပါတယ်။
  • စားခါနီး ကြိုက်တက်ရင် သံပုရာသီးလေး ညစ်ထည့်ပါ။ ငပိ ကြိုက်မယ်ဆိုရင်တော့ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ 
 ငရုတ်ဆုံ အပက်လေး ရှိရင် ချေရတာ ပိုအဆင်ပြေပါတယ်။ အပက်မရှိတော့ လုပ်ရတာနည်းနည်း လက်ဝင်တာပေါ့
 

 ကြက်ခြေထောက်တွေကို အကြောမှုန့် ကပ် ကြော်ပြီး ဆလပ်ရွက် ၊ အချဉ်တို့ နဲ့ တို့ စားပါတယ် ။ဆလပ်ရွက် ကြိုက်လွန်းလို့ တခါတလေလည်း ဘာမှမပါဘဲ အသားလွတ် အချဉ်နဲ့ လည်း တို့ စားဖြစ်ပါတယ်


ဆီကြော်တွ စားတာ များသွားတဲ့ အတွက် သဘောင်္သီးနဲ့ ပြန်ထိန်းပါတယ်။ အားပေးကြပါအုန်းရှင် ။ ဈေးလည်း ချိုသလို အသီးကလည်း ချိုပါတယ် :)