- ဝက်သား
- ခရမ်းချဉ်သီးဆော့စ်
- ပြောင်းမှုန့် (Corn Starch)
- Carrots, Red & Green Bell Pepper
- Soya Sauce
- Ginger
- Garlic
- egg
ဝက်သားကို အတုံးသေးလေးတွေတုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် ထည့်နယ်ပြီး နှပ်ထား ပါတယ်။ ဝက်သား နှပ်ထားစဉ်အတွင်းမှာ ပန်းငရုတ်၊ ခါကြက်ဥနီ (စားလုံးပေါင်း မှန်လားမသိ) ၊ ကြက်သွန်နီ တို့ ကို စိပ်ထားပြီး ရေစင်စင်ဆေးချပါတယ်။
ဝက်သားကြော်ဖို့ အတွက် ခုန နှပ်ထားတဲ့ ဝက်သားတွေကို ကြက်ဥထဲမှာ စိမ်၊ ပြောင်းမှုန့် ကပ်ပြီး ဆီပူပူမှာ ကြော်ပါတယ်။
ဝက်သားကြော်တွေ ရရင် ဆယ်ပြီး ဆီစစ်ထားပါတယ်။ နောက်ဆုံးဆင့် ကြော်ဖို့ အတွက် ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူထောင်း အနည်းငယ် ၊ ဂျင်းအနည်းငယ်ရယ် ဆီသတ်ပြီး ခရမ်းချဉ်သီးဆော့စ်ထည့် အသီးအရွက်တွေ ထည့်ပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ သကြား အနည်းငယ် ထည့် မွှေပြီး အသီးအရွက်များကြက်အောင် ရေအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါတယ်။ အသီးအရွက်တွေ နပ်ပြီဆို ဝက်သားကြော်များ ထည့်မွှေကာ စားသုံးနိုင်ပါပြီ။
နေ့ ခင်းစာ တို့ ဟူးကြို့ ပြီး ကြာဇံနဲ့ ချဉ် ၊ ငံ ၊ စပ် သုတ်စားဖြစ်ပါတယ်။
ကျေးဇူးရှင် ကိုးနတ်ရှင် နှိပ်စက်လို့ ပုံတွေ ထပ်တင်မရတော့ဘူး ။
ကျန်းမာ ၊ ချမ်းသာ ၊ စိတ်နှလုံး ရွှင်လန်းကြပါစေရှင်