မုန့်ဟင်းခါး အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ -
- ငါးခူ
- ကုလားပဲ ၊ ဆန်မှုန့် 
- စပလင် ၊ ကြက်သွန်ဖြူ /နီ ၊ ဂျင်း ၊ အရောင်တင်မှုန့် 
- ငှက်ပျောအူ
- ကြက်ဥ
- ငံပြာရည်
- ဆား
- ဟင်းခတ်မှုန့် 
- ငရုတ်ကောင်း
- မုန့် ဖတ်
- နံနံပင် ၊ သံပုရာသီး ၊ ငရုတ်သီးအကြတ်မှုန့် 
မုန့် ဟင်းခါး မချက်ခင် အရင်တရက်ထဲက ကုလားပဲ နဲ့ မုန့် ဖတ်တွေ ရေစိမ်ထားပါတယ်။ မုန့် ဖတ်တွေ ရေကြာကြာ စိမ်ထားတော့ ခဏလေး ပြုတ်ရသလို ပိုပြီးစားကောင်းပါတယ်။
ချက်မယ်နေ့ ရောက်ရင် ကုလားပဲတွေ ဆယ် ၊ ရေနည်းနည်း ထည့်ပြီး ဘလန်ဒါ နဲ့ ချေထားပါတယ်။
ဆီသတ်ဖို့ အတွက် ငါးကို ရေစင်စင်ဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် နဲ့ အသားထဲ ဝင်အောင် နယ်ပြီး စပလင် ၊ ငံပြာရည် ထည့်ကာ ပြုတ်ပါတယ်။ ငါးပြုတ်နေတုန်းမှာ ဂျင်း ၊ ကြက်သွန်ဖြူ / နီ ၊ စပလင်အရင်းပိုင်း ပါးပါးလှီး၊ အရောင်တင်မှုန့် ထည့်ကာ ထောင်းပါတယ်။ ငါးပြုတ်အိုး ရပြီဆို ငါးအသားတွေ နွှင်ထာပြီး ဆီသတ်ပါတယ် ။
ဟင်းရည်အိုးအတွက် ဆန်မှုန့် ရေဖျော်ထားတာရယ် ၊ ကုလားပဲ ရယ် ၊ ငါးပြုတ်ရည် ထည့်ပြီး တည်ထားပါတယ်။ ဟင်းရည်ပွက်လာပြီဆို ငါးဆီသတ်ထားတာထည့် ကြက်သွန်နီ ဥလိုက်ထည့် ဆား ၊ ဟင်းခတ်မှုန် ၊ ငှက်ပျောအူ ကြက်ဥပြုတ် ထည့်ပြီး ဟင်းရည်အိုး အရည်ကျအောင် တည့်ထားပါတယ်။ ဟင်းရည်အိုး အရည်ကျပြီဆို အပေါ့ ၊ အငံ မြည်း ပြီး လိုအပ်တာ ထပ်တည့်ကာ သုံးဆောင်လို ရပါပြီ။
ပဲကပ်ကြော်တာ အရမ်းလွယ်ပါတယ်။ ရေစိမ်ထားတဲ့ ကုလားပဲထည့် ၊ အကြော်မှုန့် ထည့် ၊ ဆား၊ ဟင်းခတ်မှုန့် ၊ ဆိုဒါ အနည်းငယ်ထည့် ၊ ရေများများနဲ့ ဖျော်ကာ ပဲကပ်ကြော်ပါတယ်။
သူမတို့ သူငယ်ချင်း သုံးယောက်စားတာ တစ်ယောက် အကြိုက်တစ်မျိုးစီ။ ဒါကြောင့်လည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ ပြောကြတာကိုး :)))
ပဲကြော်သေးသေးလေးတွေ ချေထည့်တာ မကြိုက်တဲ့ သူငယ်ချင်း ပန်းကန် |
အကြော်ထည့်စားတာ မကြိုက်ဘူး ၊ ဆီကြတ် များများ(များလေ ကောင်းလေ)နဲ့ 
မှ ကြိုက်တယ်ဆိုတဲ့ သူငယ်ချင်း ရဲ့ ပန်းကန်။ နှစ်ယောက်လုံး ငှက်ပျောအူ သိပ်မကြိုက်ဘူးတဲ့ဗျာ။ |
ဒါကတော့ ငှက်ပျောအူ လောဘကြီးတဲ့ သူမပန်းကန် ။ ဖုန်းနဲ့ ရိုက်လိုက်တော့ ကာလာမှောင်သွားသလိုပဲ |
မုန့် ဟင်းခါးစားပြီး အချို စားချင်ရင် Keria မုန့် အချိုပါ။ အရသာက အညာဘုရား ပွဲတွေမှာ ဧည့်ခံလေ့ရှိတဲ့ အညာတရာ မုန့် အရသာမျိုးပါ။ စားရတာ အရသာ ရှိသလို ဈေးလည်း ချိုပါတယ်။
အချိုစားပြီး အချဉ်လေး အစားပိတ်စားဖို့ အတွက် ဝယ်ထားတဲ့ သရက်သီးထဲက စိမ်းတာလေးရှာပြီး ငံပြာရည် ၊ ငရုတ်သီး အကြတ်မှုန့် ထည့်ကာ စားဖြစ်ပါတယ် ။ အဲဒီနေ့ က မုန့် ဟင်းခါးတွေရော ၊ သရက်သီးတွေ ရော လုပ်စားတာ ဘာမှ မဖြစ်လို့ တော်သေး :P