စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

29 Jan 2011

အဆီလျှော့ရအောင်

သွေးထဲမှာ ရှိနေတဲ့ အဆီဓာတ်ကို ထိန်းဖို့ အတွက် နေ့ စဉ် ကွေကာအုပ် (OatMeal ) သောက်ပေးရုံပါပဲ ။ ကွေကာအုပ်ဟာ နှလုံးအတွက် အသင့်တော်ဆုံးဖြစ်သလို ခန္ဒာကိုယ်တွင်းမှာ သွေးထဲကနေ ပိုနေတဲ့ အဆီဓာတ်တွေကို အစာအိမ်အူလမ်းကြောင်းကို ရောက်သွားတဲ့ ကွေကာအုပ်က စုပ်ယူပြီး အစာဟောင်းအိမ်ကနေ စွန့် ထုတ်ပေးတယ်လေ။

ဒါကြောင့် အဆီချလိုသူများ ကွေကာအုပ်ကို အချိုမပါဘဲ နေ့ စဉ်စားသုံးရင်း အဆီတွေ လျှော့နိုင်ပါတယ်။


အိပ်ရေးပျက်နေလား 

လုပ်ငန်းခွင်တာဝန်တွေ နဲ့ stress တွေ များနေလို့ ပဲ ဖြစ်ဖြစ် ၊  တွေးစရာတွေ များနေလို့ အိပ်မရဘူး ဖြစ်နေရင် ရေနွေး နဲ့  ရေ ချိုးပေး လိုက်ပါ ။ ရေနွေးကြောင့် ကျယ်ပွလာတဲ့ အရေပြားပေါ်က သွေးကြောကလေးတွေဆီ သွေးလှည့်လည် ရောက်သွားတဲ့ အခါ ဦးနှောက်ကို သွေးအပို့ နည်းသွားပါတယ်။ ဒီအချိန်မှာ အိပ်ချင်စိတ် ဖြစ်ပေါ်ပြီး အိပ်ချင်စေပါတယ်။ ကိုယ့်အိမ်မှာ ရနံ့ ပါတဲ့ အဆီ ရှိရင်လည်း ရေနွေးထဲကို ထည့်ပြီး ချိုးပေးပါ။ ရနံ့  ပါတဲ့ အဆီတွေက အကြောအခြင်တွေကို ပြေလျှော့တဲ့ သတ္တိတွေ ရှိလို့ ပါ။

16 Jan 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၂

ဒီနေ့ ကြာဇံကြော်စားဖို့ စိတ်ကူးရတယ်ကွယ် ။ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ နဲ့ ပဲ ကြာဇံကြော်စားတယ်။ ကြက်ရိုးတွေ နဲ့ အသည်း ၊ အမြစ် ၊ပြုတ် ပြီးကြော် ၊ ပြီးရင် ပဲသီး ၊ ဂေါ်ဖီ ၊ ခါကြက်ဥ တွေ ထည့် ၊ နပ်ရင် ကြာဇံ ရော ကြော်ပြီး အချဉ် အဖြစ် ကြက်သွန် ပါးပါးလှီး ၊ ဂေါ်ဖီ နဲ့ ငရုတ်သီး ပါးပါး လှီးထည့် ၊ ဆီများတော့ အအီပြေအောင် သံပုရာသီး များများညှစ် ။





မဝရင် ထပ်ထည့်ဖို့ လိုက်ပွဲအဆင့်သင့် :))))))

9 Jan 2011

စားကြမယ့်ဟေ့ ကောင်းကောင်း - ၁

ထမင်းပေါင်း




ရွှေခိုင် မာလာငါး


ဆေးဘဲဥသုတ်

ကိုက်လန် ခရုဆီ

2 Jan 2011

welcome to my blog

သူမ တစ်ယောက်လည်း ဘလော့ဂ်တွေ လည်ဖတ်တာ ကြာလာတော့ ဘလော့ဂ်တစ်ခု လုပ်ချင်တာနဲ့ ဖွင့်ထားလိုက်တာပါ။ ရေးရေရာရာရယ်လို့ ရေးစရာ အထွေအထူး မရှိပါဘူး။ သူမအကြိုက် ' မင်း ' သီချင်း နဲ့ ဘလော့ဂ် စဖွင့်မယ်နော် အလည်ရောက်လာသူများလည်း စိတ်နှလုံးရွှင်လန်းကြပါစေ ရှင် :))))))))))))))