စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
11 Oct 2013
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄
ဒီတစ်ခါတော့ အပြင်မှာ စားဖြစ်ရင် အမြဲမှာနေကျ ဟင်းအတွဲကို အိမ်မှာဘဲ ချက်စားဖြစ်တယ်။ ဟင်းအကြောင်း မရေးခင် အလုပ်ထဲက အကြောင်းရေးအုန်းမယ်နော်။ ဟင်းချက်နည်းက လွဲပြီး တစ်ခြားအကြောင်း ရေးစ မရှိတော့ သည်းခံပြီး ဖတ်ပေးကြအုန်းနော်။
ဒီမှာက အလုပ်လာတဲ့ လူတွေ ကိုယ့်ဆီလို ထမင်းဗူး ဘယ်သူမှ မထည့်ကြဘူး။ အလုပ်ထဲက လူတွေ စုပြီး စားကြ ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်စားကြတွေ ချည်းပဲ။ အပြင်မှာ စုစားကြရင်လည်း သူတို့ တရုပ်ဟင်းတွေ သူမတော့ သိပ်မကြိုက်ဘူး ။ ချိုစိစိနဲ့ ။ ဘယ်ဟင်းကြည့်ကြည့် ပဲငံပြာရည် လွတ်တာကို မရှိဘူး။  ဒါပေမယ့်လည်း လူအများနဲ့ ဆိုတော့ ရေလိုက် ၊ ငါးလိုက် လိုက်စားရတာပါပဲ။  ဒါပေမယ့် ဝက်သား နဲ့ ကြက်ဟင်းခါးသီးစွပ် ၊ ငါးအစပ်ချက် ၊ ဖလံတောင်ဝှေးကြော် အဲဒီ ဟင်းအတွဲ စားတဲ့နေ့ ဆိုရင်တော့ ထမင်းတော်တော် များများ စားမှန်း သိကြတော့ ခဏ ၊ ခဏ သွားစားဖြစ်ကြတယ်။ ဒါနဲ့ သူမလည်း အိမ်တင် ချက်ကြည့်မယ်ဆို ပြီး လက်စွမ်းပြလိုက်တာ တော်တော့်ကို စားကောင်းတယ်။ မိတ်ဆွေတွေလည်း ချက်စားကြည့်နော်။
ဝက်သား ကို အတုံးသေးလေးတွေ တုံးပြီး ပဲငံပြာရည် ၊ ဆား ၊ ဟင်းခတ်မှုန့်  ၊ ဂျင်းထောင်းထားတာ နယ်ပြီး နူးအောင် ပြုတ်ထားပါ။
ကြက်ဟင်းခါးသီးကို အတုံးသေးလေးတွေ တုံးပြီး ဆားနဲ့ နယ်ပြီး ရေဆေးပါ။ ပြီးရင် မခါးအောင် ကြက်ဟင်းခါးသီးတွေကို တစ်ရေပြုတ်ပြီး ရေတွေ သွန်လိုက်ပါ။ ပြီးရင် နူးနေတဲ့ ဝက်သားအိုး ထဲကို ကြက်ဟင်းခါးသီးဖတ် တွေထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့် တော့ လိုသလို ထည့်ပါ။ ဟင်းအိုးရပြီဆို စားခါနီးကျ ငရုတ်ကောင်းမှုန့် လေးအုပ် ၊ ကြက်သွန်ကြော်လေး ဖြူးကာ သုံးဆောင်ပါ။
(ဒီဟင်းက ဝက်အသားချည်းပဲ ချက်တာ ပိုစားကောင်းတယ်။ သူမတော့ ချက်တဲ့နေ့ က ဝက်သားထုပ် ဝယ်လာပြီး အိမ်ရောက်မှကြည့်တော့ အသားကဆို အဆီနား ပြားကပ်နေတာပဲ။ သုံးထပ်သားနဲ့ မှ မချက်ရင်လည်း မဖြစ်တာနဲ့ ချက်လိုက်ရတယ်လေ။ ဟိ  အဆီတော့ နည်းနည်း များသွားတယ်)
ငါးချဉ်စပ် ပေါင်းပါ။ သူကတော့ ချက်ရတာ လွယ်လို့ မရေးတော့ဘူးနော်။
ဟင်းတွေ ချက်ပြီးပြီဆိုတော့ ရောက်တက်ရာရာ ရေးအုန်းမယ်နော်။ 
အမှိုက် -
တခြားမြို့ တွေထက် ရန်ကုန်နောက်ဖေး လမ်းကြားတွေ တစ်အားကို ညစ်ပတ်သလိုပဲ။ သူမတို့ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်တွေ ကျောင်းပြီးရင် ရန်ကုန်မှာ အလုပ်ရှာပြီး မြေညီထပ်လေး စုငှားကြမယ် စိတ်ကူးကြတာပေါ့။ ဒါမှ အလုပ်က ပြန်လာရင်လည်း မော၂ပမ်း၂တက် မနေရတော့ဘူးပေါ့။ ကျောင်းပြီးလို့ မြေညီထပ်တွေလည်း ရှာမယ်လုပ်ရော အသိ အစ်မ တစ်ယောက်က မြေညီထပ်တော့ လုံးဝ မရှာနဲ့ ။ ပထမထပ်ကိုပဲ ရှာလို့ အတင်းတိုက်တွန်းတယ်။ မြေညီထပ် အကြောင်းသိချင်ရင် ငါ့နေတဲ့ အခန်းသာ လိုက်ကြည့်ဆိုလို့ ကြည့်လိုက်ပါတယ်။ နောက်ဖေး ပြတင်းပေါက်ကနေ မြင်ရတဲ့ အမှိုက်တွေဆိုတာ ဒင်းကြမ်းဘဲ ။ နောက်ပိုင်း ကိုယ်တွေလည်း အဆင်ပြေတဲ့ နေရာတွေ ပြောင်းနဲ့ ကျောက်မြောင်းဘက် ရောက်သွားတယ်။ ကိုယ်နေတဲ့ ဘက်မှာတော့ အမှိုပ်ပစ်စရာ အမှိုက်ပုံတော့ မရှိပေမယ့် ပိုက်ဆံပေးလိုက်ရင် ပစ်ပေးတဲ့ စနစ်က ပေါတယ်လေ။  ခေါင်းလောင်းကြိုး လာဆွဲတာနဲ့ ပိုက်ဆံလေးပေး ပစ်ရတဲ့ ကိုယ်တူကိုယ်ထ စနစ် ရှိတာတောင် ညညဆို အပေါ်ထပ်တွေကနေ အထုပ်ပစ်ချသံက နေတိုင်းနီးပါး ကြားနေရတာပဲ။ အမှိုက်ပစ်ရမဲ့နေရာလေးတွေ သေချာ စီစဉ်ပေးရင် သိပ်ကောင်းမှာဘဲ ။
တန်းစီခြင်း -
ကိုယ်ရောက်ဖူးတဲ့ နေရာတော်၂ များ၂မှာ စနစ်တစ်ကျ တန်းစီတာကိုက အကျင့်ပါနေကြပြီ။ ဘယ်နေရာပဲ ရောက်ရောက် Q No လေး ယူပြီး ထိုင်ခုံမှာ အေး၂လူ၂ ထိုင်နေကြတာပဲ။ ကားဂိတ် ဆိုလည်း တန်းစီပြီး တက်ကြနဲ့ စည်းကမ်းလည်း ရှိတယ်။ ဟိုတလောက စာအုပ် သက်တမ်းတို့ ဖို့ လိုတာနဲ့ သံရုံးသွားပါတယ်။ ခုံတွေလည်း ရှိတာကို တစ်ယောက်မှ ထိုင်မနေကြဘူး။ ကောင်တာရှေ့မှာပဲ အုံ့ နေကြတယ်။ ကိုယ်အလှည့်လည်း ရောက်ရော မနည်းတိုးဝှေ့ ပြီး ဝင်ရတာ ဘယ်သူက ဖိနပ်တက်နင်းလိုက်တယ် မသိပါဘူး ။ နောက်သိုင်းတဲ့ ကွင်းက ချောင်ထွက်သွားတော့ အလကားနေရင်း ဖိနပ်တစ်ရံဖိုး ထွက်သွားပါလေရော ။ လူတွေရဲ့ စိတ်တွေကပဲ အတင်းလောနေလို့ လား ၊ တန်းစီရတာကို ဝါသနာ မပါတာလား မသိတော့ပါဘူး ။  :(
နောက်မှ အတွေ့ အကြုံ လေးတွေ ရေးအုန်းမယ်။ အချိန်ပေးပြီး လာဖတ်ပေးတဲ့ မိတ်ဆွေများကို အထူးကျေးဇူးပါလို့ ။
9 Sept 2013
စားကြမယ် ဟေ့ကောင်းကောင်း - ၃၃
ဒီတစ်ခါတော့ ချက်စားဖြစ်ပြီး ပုံရိုက်ထားတာလေးတွေပဲ တင်တော့မယ်။  ကြက်သား ၊ မျှစ် ချက် ။ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ထောင်းထားတာကို ဆီသတ်ပြီး ကြက်သား နဲ့ မျှစ် ၊ ဆား ၊ ဟင်းခတ်မှုန့်  ထည့်ပါတယ်။ ကြက်သား အရေတင်းအောင် ဆီနဲ့ နည်းနည်းလှိမ့်ပြီး ရေထည့်ကာ တည်ထားပါတယ်။ မျှစ်နူးပြီဆို ကြက်သားကလည်း နူးအိသွားပါတယ်။ သူမကတော့ မျှစ်ကို ဟင်းနဲ့ ဆို အဲ့လို အတုံးကြီး တုံးပြီး ချက်တာကို ပိုကြိုက်တယ်။ ချဉ်ပေါင်နဲ့ ဆိုရင်တော့ မျှစ်ကို မျှင် မျှင်လေး စိပ်ပြီး ချက်တာကိုပဲ ပိုကြိုက်တယ်။ လူစိတ်ဆိုတာလည်း ခက်သားလားနော်။ ဒီအရသာကိုပဲ ပုံစံအမျိုးမျိုးနဲ့ သဘောကျ တက်ကျတယ်....
ဒါကတော့ ငရံခြောက်ကို ရေဆေး ဆား ၊ ဟင်းခတ်မှုန့် နယ်ပြီး ဆီပူပူမှာ ကြွပ်နေအောင် ကြော်ပြီး ကြက်သွန်ဖြူ၊ နီ အကြွပ်ကြော်ထားတာနဲ့ ရောလိုက်ပါတယ်။ ချခါနီး ငရုတ်ကြမ်းမှုန့် နည်းနည်းထည့်ပြီး ၊ သရက်ချဉ်သုတ် ၊ ပဲနီလေး ဟင်းချိုနဲ့ တွဲစားရင် လိုက်ဖက်ပါတယ်။
ဒါကတော့ ရုံပတီသီး ရခိုင်ချက်လေးပါ။ ကြက်သွန်ဖြူ ၊ ငါးပိ ၊ ငရုတ်သီးစိမ်း ကို ရောထောင်းပြီး ဆီပါလေရာနဲ့ ဆီသတ်ပါတယ်။ ပြီးရင် ရုံပတီသီးထည့်ပြီး ၊ အပေါ့ ၊ အငံ မိမိကြိုက်နှစ်သက်သလို ထည့်ပါ။ သူမကတော့ ငါးပိထည့်ထားလို့ ဆားထပ်ထည့် မနေတော့ပါဘူး။ ဟင်းရပြီဆို ပုဇွန်ခြောက်ထောင်း ကြွပ်ကြွပ်ကြော်ထားတာလေးကို အပေါ်က ဖြူးကာ စားသုံးနိုင်ပါပြီ။
ကြက်သားပဲရည်သုတ် ။ ကြက်ခြေထောက်ရည်သုတ်ဆို ပိုမှန်မလားပဲ ။ ကြက်သားက နည်းနည်းပဲ ပါပြီး ကြက်ခြေထောက် တွေများနေလို့ လေ ။ ချဉ်ချဉ်စပ်စပ် တစ်ပွဲစားလိုက်တာ ထမင်းတောင် လွတ်သွားတယ်။
မုန့် တီသုတ် ..
ပဲကပ်ကြော် နဲ့ မန္တလေးပဲကြော် .. ဂျင်းဖတ်များများနဲ့ ကြော်တာ မွှေးပြီး စားလို့ အရမ်းကောင်းတယ်။
ခုတလော ဘလော့ဂ် အသိုင်းအဝိုင်းမှာ ဘလော့ဂ်ဒေး ပို့ စ်တွေ နဲ့ ပြန်အသက်ဝင်လာလို့ ဝမ်းသာမိတယ် ။
Happy Belated Blog Day  ပါ ။ :) :D
26 Jul 2013
စားကြမယ့်ဟေ့ ကောင်းကောင်း - ၃၂
ဒီနေ့ တော့ ကြက်ဥ ရိုးရိုးချက်ရတာ ရိုးနေတဲ့ အတွက် ကြက်ဥကို ပေါင်းပြီး ချက်စားဖြစ်ပါတယ်။ ကြက်ဥပေါင်း ဖို့ အတွက် ကြက်ဥကို ခေါက်ပြီး ဆား ၊ ဟင်းခတ်မှုန့် ထည့်ကာ ပေါင်းမယ့် ခွက်ထဲကို ကပ်မသွားအောင် ဆီနည်းနည်းသုတ်ပြီး ကြက်ဥ ခေါက်ထားတာတွေ ထည့်ပါ။ ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ။ ကြက်ဥတွေပွလာပြီဆို ပေါင်းထားတာ ရပါပြီ။ ဟင်းချက်ဖို့ အတွက် မိမိ စိတ်ကြိုက် အတုံးလေးများတုံးပါ။ ပြီးရင် ကြက်သွန်နီ/ဖြူ ထောင်းတာကို ဆီသတ် ကြက်ဥထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ထည့် ကာ မီးဖို ပေါ် ခဏလောက် ထားပြီးရင် အပေါ့ ၊ အငံ မြည့်းပြီး ချလို့ ရပါပြီ။ (ဆီများများနဲ့ ချက်ပါ။ ရေထည့်လိုက်ရင် ပွတတ နဲ့ စားမကောင်းဘူးလို့ ထင်ပါတယ်)
                                                 ကြက်ဥပေါင်းဖို့ ပြင်ထားတာပါ။
                                       ဟင်းမချက်ဘဲ ဒီတိုင်းစားလည်း ကောင်းပါတယ်။
                                                  ကြက်ဥပေါင်း ဟင်းရပါပြီနော် :)
ဈေးသွားတုန်း ခရု သင်ပြီးသားတွေ တွေ့ တာနဲ့ ပဲပင်ပေါက်ပါ တစ်ခါထည်း ဝယ်လာပြီး char kway teow လုပ်စားဖြစ်ပါတယ်။                         
    char kway teow  ကြော်နည်းကတော့ ဆီပူပူထဲကို နုတ်နုတ်စိပ်ထားတဲ့ ကြက်သွန်ဖြူထည့် ၊ ခရုထည့် ၊ မုန့် ဖတ်အပြားထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် ၊  ငရုတ်သီးကြော်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ။ ချခါနီးကျရင် ကြက်ဥ နဲ့  ပဲပင်ပေါက် ထည့်လိုက်ရုံပါပဲ ။   :P
7 Jun 2013
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၁
ဒီတစ်ခါတော့ ချဉ်စပ်ဟင်း အလှည့်ပေါ့နော် .. ဝက် ချဉ်စပ် အတွက်လိုက်အပ်တာတွေကတော့ -
  • ဝက်သား
  • ကြက်သွန်နီ / ကြက်သွန်မြိတ်
  • ဂျင်း ၊ ငရုတ်သီး ၊ သံပုရာသီး (သို့ ) vinegar
ဝက်သားကို အတုံးသေးလေးတွေ တုံးကာ ဆား ၊ ဟင်းခတ်မှုန့် နယ်ပြီး ရေထည့်ကာ နူးအောင် ပြုတ်ထားပါ။ ဝက်သားရပြီဆို ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ကာ ဂျင်းဆီသတ် ၊ ငရုတ်သီး ထောင်းထားတာထည့် (အစပ်ကြိုက်ရင် ငရုတ်သီး များများထည့်ပါ) ၊ ကြက်သွန်နီထည့် ၊ ဝက်သားထည့် ၊ အရောင်တင်မှုန့် ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ သံပရာရည် ထည့်မွှေပြီး ရေအနည်းငယ် ထည့် ကာ အဖုံးအုပ်ထားပါ။ ဟင်းအိုးရပြီဆို ကြက်သွန်မိတ် အုပ်ကာ သုံးဆောင်နိုင်ပါပြီ။
ဒါကတော့ ကြက်ချဉ်စပ်ပါ။ ကြက်ချဉ်စပ်ကိုတော့ ဝက်သားလို သပ်သပ်ပြုတ်မနေတော့ ပါဘူး။ ကြက်သားက နူးလွယ်တော့ တစ်ခါတည်းပဲ ချက်လိုက်ပါတယ်။ ဟင်းသီးဟင်းရွက်ရှိရင် ထည့်ချက်ပါ။ သူမကတော့ ခါကြက်ဥ ရှိတာနဲ့ ထည့်ပါတယ်။ မုန့် ညှင်းဖြူထုပ် ထည့်ချက်လည်း အရမ်းကောင်းပါတယ်။
ကြောင်လျှာပွင့်သုတ်။
ကြောင်လျှာပွင့်ခြောက်ကို ငါးမိနစ်လောက်ပြုတ်ပြီး အခါးထွက်အောင် ရေးအေးနဲ့ သုံးခါလောက် ဆေးပါတယ်။ ပြီးရင် ကြောင်လျှာပွင့် ပါးပါးလှီး၊ ခရမ်းချဉ်သီး ၊ ဂေါ်ဖီ ၊ ပုဇွန်ခြောက် ၊ ပဲမှုန့် ၊ ငရုတ်သီး ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ ကြက်သွန်ဖြူ ဆီိချက် ၊ သံပုရာသီး ထည့်ကာ နယ်ပါတယ်။ ပြီးရင် အပေါ့ ၊ အငံ မြည်းပြီး အကြော်ဆံလေး ဖြူးကာ ရေနွေးကြမ်း နဲ့  သုံးဆောင်နိုင်ပါပြီ။
23 Mar 2013
စားကြမယ်ဟေ့ ကောင်းကောင်း - ၂၉
ချစ်သော မိတ်ဆွေများ မင်္ဂလာပါရှင် ။ ဒီတစ်ခါတော့ ဂဏန်းဟင်း ချက်နည်းလေး ပြောပြမယ်နော်။ ဂဏန်းချက်ဖို့ အတွက် လိုအပ်တာတွေကတော့ - 
  • ဂဏန်း
  • ကြက်သွန်နီ 
  • ဂျင်း
  • ငရုတ်သီးခြောက်တောင့်
  • ပျဉ်းတော်သိမ်း
အရင်ဆုံး ဂဏန်းကို ရေစင်အောင်ဆေးပြီး ပြုတ်ထားပါတယ်။ ပြုတ်ပြီးသားတွေကို ရေစစ်ပြီး စားရလွယ်အောင် ထုထောင်းထားပါတယ်။ ဟင်းချက်ဖို့ အတွက် ကြက်သွန်နီ လေးစိပ် စိပ် ထားတာကို ဆီသတ် ၊ ဂျင်း အမြှောင်းလိုက် လှီထားတာကို ထည့် ၊ ပျဉ်းတော်သိမ်းထည့် ၊ ပဲငံပြာရည် အနောက်ကိုထည့် ၊ ဆား ၊ ဟင်းခတ်မှုန့်  ၊ ဂဏန်းထည့် ၊ ခုဏပြုတ်ထားတဲ့ ဂဏန်းပြုတ်ရည် အနည်းငယ် ထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ဟင်းကျက်လောက်ပြီဆိုရင်တော့ ငရုတ်သီးကြော်တောင့် ထည့်ကာ စားဖို့ အဆင်သင့် ဖြစ်ပါပြီရှင် ။ သူမကတော့ ဂဏန်းဟင်းနဲ့ ပေါင်မုန့် တွဲစားပါတယ်။
ပုဇွန် ငံပြာရည်ချက်ပါ။ လိုအပ်တာကတော့ -
  • ပုဇွန်
  • ကြက်သွန်နီ
  • ငါးငံပြာရည် 
  • ငရုတ်သီး အကြမ်းဖတ်
အိမ်က မာမီက လူကြုံရှိလို့ ထည့်ပေးလိုက်တဲ့ မရမ်းသီးတွေပါ။ မရမ်းသီးတွေကို ထောင်းဖို့ အတွက် အစိထုတ် ရေစင်စင်ဆေး ပါးပါးလှီင်္းပြီး ရေစစ်ထားပါတယ်။ ပုဇွန်ခြောက်ကိုလည်း ထောင်းရလွယ်အောင် ရေစိမ်ထားပြီး သူကိုလည်း ထောင်းရင် ရေမထွက်အောင် ခဏလောက် ရေစစ်ထားပါတယ်။ ပြီးနောက် ပုဇွန်ခြောက်နဲ့ မရမ်းသီးကို ရောထောင်း ဆီရွှဲရွှဲလေး စမ်းကာ သုံးဆောင်နိုင်ပါပြီ။ (ငပိ မထည့်ပါဘူး။ မရမ်းသီးထောင်းကို ငပိနဲ့ မကြိုက်လို့ ပါ။ ) သုတ်စားချင်သေးရင်လည်း ကြက်သွန်နီ ပါးပါးလှီးထားတာ ထည့်ပြီး စားနိုင်ပါတယ်။
27 Dec 2012
စားကြမယ်ဟေ့ ကောင်းကောင်း - ၂၈
ပေါ်မလာ အတော်ကြာ ဖြစ်နေတဲ့ ဘလောဂ့်ကို ငါးဟင်းနဲ့ ပြန်အသက်ဆက်အုန်းမယ်နော်။
ခံတွင်းမြိန်စေမယ့် ချဉ်စပ်ငါးဟင်းချက်ဖို့ အတွက် လိုအပ်တာတွေကတော့ -
  • ငါး
  • သရက်သီးခြောက်
  • ငရုတ်ပွခြောက်
  • ရှောက်ရွက် 
  • ရုံးပတီသီး
ငါးချဉ်စပ် ချက်ဖို့ အတွက် ငါးကို ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန် . ၊ ဆနွင်း (ပါရုံ) နယ်ပြီး နှပ်ထားပါတယ်။ သရက်သီးခြောက်ကို အဖန်ဓါတ် ထွက်ပြီး အရမ်းကြီး ချဉ်မနေအောင် ရယ် ၊ သရက်သီး ခြောက် နူးသွားအောင်ရယ် ဆယ်မိနစ်ခန့် ပြုတ်ထားပါတယ်။ ငရုတ်သီးခြောက် ရေစိမ်ထားတာကိုလည်း ပြုတ်ပါတယ်။ ငရုတ်သီးခြောက် ပြုတ်ထားတာကို ပြန်ဆယ် ရေစစ်ပြီး ကြက်သွန်ဖြူ တစ်တပ်ထည့်ကာ ဘလန်ဒါနဲ့ အကုန်ချေပစ်လိုက်ပါတယ်။ 
ဟင်းချက်ဖို့ အဆင်သင့်ဖြစ်ပြီဆို ဆီအိုးတည် ၊ ငရုတ်နှစ်ထည့် ၊ အရောင်တင်မှုန့် ထည့် ၊  ရှောက်ရွက်ထည့် ၊ သရက်သီးခြောက်ထည့် ၊ ငါးထည့် ၊ ဆား ၊ ဟင်းခတ်မှုန့်  ရေ ထည့်ကာ အိုးတည်ထားပါ။ ငါးဟင်း ကျတ်လောက်ခါနီးမှ ရုံးပတီသီး ထည့်ကာ အရသာတစ်မျိုးလေးနဲ့ စားသုံးနိုင်ပါပြီ။
 သူမဘလော့ဂ်ထဲမှာ ဝက်သားအလွယ်ချက်နည်းဆိုပြီး လာရှာထားတာ ၂၀ ကျော်တောင် ရှိတယ်။ ကိုယ်ဘလော့ဂ် အတွက်တော့ ၂၀ ဆိုတာ အများကြီးပဲ ။ ဒါကြောင့် ဝက်သားအလွယ် ချက်နည်း လေး ရေးပေးမယ်နော်။
ဝက်သားကို ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် အနောက် ၊ ဆီ ၊ ဂျင်း ကြက်သွန်ဖြူထောင်းတာ ထည့်ပြီး မီးဖိုပေါ်တင် ၊ ၂ မိနစ်လောက် တည်ပြီးရင် ရေထည့်ခါ တီဗွီကြည့်ချင်ကြည့် ၊ အိမ်သန့် ရှင်းရေး လုပ်ချင်လည်း လုပ် ၊ ဂိမ်းဆော့ချင်လည်း ဆော့နေတော့ပဲ ။ အဲ  ... ဒီနေရာမှာ ဂျင်း ၊ ကြက်သွန်ဖြူတောင် ထောင်းမထည့်ချင်ဘူး ဆိုရင် ချန်လှပ်ထားပါ။ ဝက်သားအိုးနူးပြီး ချခါနီးမှ ကြက်သွန်နီ လေးစိပ် စိပ်ထားတာကို ထည့်လိုက်ပါ။ အချိန်လည်း မကုန် အလုပ်လည်း မရှုပ်တဲ့ ဝက်သားဟင်း တစ်ခွက်ရပါပြီရှင် .. :P
ခရစ်စမတ် ပိတ်ရက်ကို ဘူးသီးကြော်စားဖြစ်တယ်လေ။ အချဉ်လုပ်နည်းကတော့ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ထန်းလျှက် ထောင်းတာကို မန်ကျဉ်းရည်ထဲထည့် ၊ နံနံပင် ညှပ်ကာ ဘူးသီးကြော်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော် ။  :D
12 Apr 2012
လုံးကြမယ်ဟေ့ ကောင်းကောင်း
အတာသင်္ကြန်ကာလမှာ သူမလည်း မုံ့ လုံးလေးတွေ လုံးမယ်နော်။ မုံ့ လုံးရေပေါ် လုပ်ဖို့ အတွက် လိုအပ်တာကတော့ -
  • ကောက်ညှင်းမှုန့် 
  • ဆန်မှုန့် 
  • ထန်းလျှက်
  • အုန်းသီးဆံ
ကောက်ညှင်း ၅၀၀ ဂရမ် အထုပ်သေး တဝက် ကို ဆန်မှုန့် rice cooker ခွက်ကြီး နဲ့ ၁ ခွက် ရောပါတယ် (မုန့် သားမာတာ ကြိုက်ရင်တော့ ဆန်မှုန့် ပိုထည့်ပေါ့နော် )။ သူမက မုန့် သားပျော့တာ ကြိုက်လို့ ကောက်ညှင်းပိုထည့်ပါတယ်။ မုန့် သားတွေ နယ်ပြီးပြီဆို လက်ပေါ်တင် မုံးလုံးလုံးပြီး စိပ်ထားတဲ့ ထန်းလျှက်တွေ ဌာပနာခါ ရေနွေး ဆူဆူထဲ ထည့်လိုက်ရုံပါပဲ ။ မုန့် လုံးလေးတွေ ကျတ်ပြီဆို ရေပေါ် ပေါ်လာရင် ဆယ်ယူပြီး ရေအေးထဲထည့်ပါ။ ပြီးရင် စားမယ့် ပန်းကန်ထဲဆယ်၊ အုန်းသီးဆံဖြူးကာ အတာတကူးမှာ ပျော်ရွှင်စွာ သုံးဆောင်နိုင်ပါဘီရှင် :D
သူမ၏ ဘလော့ဂ်လေးကို လင့်ချိတ်ပေးကြတဲ့ စီနီယာ ၊ ဂျူနီယာ အစ်ကို အစ်မများ နဲ့ မောင်ငယ် ညီမငယ်များ ၊ အချိန်ပေးပြီး လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ရှင်။
နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး စိတ်ချမ်းသာမှု အပေါင်း နဲ့ ပြည့်စုံကြပါစေ။
6 Feb 2012
စားကြမယ့်ဟေ့ ကောင်းကောင်း - ၁၁
ဒီနေ့ တော့ ငါးကင်ရယ် ၊ အသုတ်စုံများရယ် အလှည့်ကျပါတယ်။ငါးကင်ဖို့ အတွက် တီလားပီးယား ကို ရေစင်အောင်ဆေးပြီး ဆား၊ ကြက်သားမှုန့် နဲ့ အသားထဲဝင်အောင် နယ်ထားပါတယ်။ပြီးတော့ ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီး (အစပ်မကြိုက်ရင် မထည့်ပါနဲ့ ) စပလင်ထောင်းထား တာကို အစာသွပ်ပါတယ် ။ သူမက စပလင်နံကို အရမ်းကြိုက်လို့ အမြစ်ပိုင်း ကိုပါ ထပ်ထည့်လိုက်ပါတယ်။ ပြီးငါးကို ဆီလေးသုတ်ပြီး ကင်ပါတယ်။ ငါးကင်စားရင် အသားချည်းဖြစ်မှာ စိုးတာနဲ့ ရုံးပတီင်္လေးပါ တွဲကင်ပြီး အအီပြေ သံပရာသီးလေး ညှစ်စားပါတယ် ။ လုပ်ရတာ အရမ်းလွယ်သလို စားလို့ လည်း ကောင်းပါတယ်။ :)
အစုံသုတ်ပါ ။ တို့ ဟူးကြိုဖို့ ပဲမှုန့် စိမ်း အရံသင့် မရှိတာနဲ့ မထည့်လိုက်ရဘူး။ ထမင်းနီကတော့ မကြိုက်လို့  မထည့်ဖြစ်ဘူး။
နန်းကြီးသုတ်ပါ ။ နန်းကြီးသုတ်လုပ်ဖို့ ရာ နန်းအတုတ်ကြီးကို ရွေးဝယ်ရပါတယ်။ ကြက်သားဟင်းကို ပြစ်ပြစ်လေး ချက်ပြီး ပဲမှုန့် စီးစီးလေးနဲ့ သုတ်ထားတဲ့ နန်းကြီးသုတ်ပါ။ ဗယာကြော်အဆင့်သင့် ရှိမယ်ဆို ထည့်သုတ်ရင် ပိုပြီး ပြည့်စုံပါတယ်။
ဆီချက်ပါ။ ဆီချက်လုပ်ဖို့ ကြိတ်ခေါက်ဆွဲ အပြား၊ အလုံး နှစ်သက်ရာ ဝယ်ယူလို့ ရပါတယ်။ ဆီချက်ပြုလုပ်ပုံကတော့ ကြက်သားအရိုးတွေနဲ့ ရင်အုံသားကို ပြုတ်ထားပါတယ်။ နူးရင် အသားတွေ နွှာပြီး ခွက်တစ်လုံးထဲ ထည့်ပြီး ဖယ်ထားပါတယ်။ အရိုးကို ဟင်းရည်လုပ်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူကို ထောင်းထားပါတယ်။ ဆီကို စိမ်းနံ ပျောက်အောင် မီးဖိုပေါ်တင်ပြီး ဆီချက်ချက်ပါတယ်။  အရောင်တင်မှုန့် လုံးဝမထည့်ပါဘူး။ ပြီးရင် ဆီချက်ပွဲပြင်ဖို့ အတွက် ကြက်သားဟင်းရည် နည်နည်းထည့်၊ ငံပြာရည်၊ ကြက်သားမှုန့် ၊ ပဲငံပြာရည်(ကြာညှို)ထည့်၊ ကြက်သွန်ဖြူထောင်းထားတာ ထည့် ၊ ခေါက်ဆွဲ ၊ပဲပင်ပေါက် ၊ ကြက်သားထည့်ပြီး ကြက်ရိုးဟင်းရည်လေးနဲ့ တွဲစားလို့ ရပါပြီ။
ထမင်းသုတ်ပါ ။ ဆား၊ ဟင်းခပ်မှုန့် ၊ထမင်း ၊ အာလူး၊ ကြာဇံ ၊ ငါးပြုတ်ပြီး အရိုးနွှင်ထားတာထည့် ၊ဆီချက်ဝါဝါထည့် ပြီးနယ်ပါတယ်။
အားလူးကြော်ပါ။ အာလူးတွေကို သင်ထားပြီး ရေစိမ်ထားပါတယ်။ ကြော်ခါနီးမှ ရေစစ်ပြီး ကြော်ပါတယ်။
ခုလို ဆောင်းရာသီမှာ အကြော်စုံပူပူနွေးနွေး နဲ့ မုန့် ပေါင်းဟာ အရမ်းလိုက်ဖက်ပါတယ်။
သူမရဲ့ ဆိုဒ်လေးကို အလည်လာရောက်ပေးကြသော ၊ လင့်ချိတ်ပေးကြသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးပါလို့ ။ ဂွစာဖြစ်သော သူမဟာ အရေးအသား ၊ စကားပြော မတက်သောကြောင့် အမှားပါရင်လည်း ခွင့်လွှတ်ကြပါလို့ ။ နောင်လည်း သူမချက်ထားသော ဟင်းလေးများ လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါရစေနော် :D
8 Jan 2012
စားကြမယ်ဟေ့ကောင်းကောင်း ၁၀
ဒီနေ့ အလှည့်ကျတာကတော့ မန်ကျည်းသီးကြော်၊ ဝက်သားချက် ၊ အရွက်ကြော်။
ဈေးကနေ မန်ကျည်းသီး နှစ်ပန်းကန်ဝယ်လာပြီး -
မန်ကျည်သီးတွေ ရေစင်စင်ဆေး၊ ကြက်သွန်ဖြူ ၊ နီ နွှာပြီး ရေဆေး -
  • ဆီသတ်ဖို့ ကြက်သွန်ဖြူ ၊နီ ထောင်း
  • မန်ကျည်းသီးထောင်းထဲကို ငပိပါ တခါတည်းရောထောင်း
  • မီးဖိုပေါ်တင် ဆီသတ်ပြီး ရေအနေတော် ထည့်ထားပြီး ချခါနီး ငရုတ်သီးတောင့်လေးထည့်
မန်ကျည်းသီးကြော်
ဝက်သားဟင်း
အရွက်ကြော်
အစာပြေစားဖို့ တွေပါ။
char kway teow
Flat rice noodle, soya bean sauce , chili a few , prawns without cockles and bean sprouts.It's not complete for char kway teow.
popular noodle dish in night bazaar :P
Egg Fried Bread ingredients
  • 2 Eggs
  • 2 Slice Bread
  • 1 tea spoon sugar 
  • Oil for frying
  • break the eggs and sugar onto a bowl or plate ,then beat with a fork dip both sides of the bread in the beat eggs, fry the egg bread on both sides until red colour to taste and simple enjoy. :)
Before mix
egg fried bread 
i made it, it very tasty :D