စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

29 Mar 2011

စားကြမယ့်ဟေ့ ကောင်းကောင်း - ၎

ရှမ်းခေါက်ဆွဲ

မြီးရှည်


မြီှးရှည်

မုန့် ဟင်းခါး

ရွှေရင်အေး

ကျောက်ကျော

Backache

ခါးနာ ၊ ခါးကိုက်  ဝေဒနာ ခံစားနေရတယ်ဆိုရင် ..

၁) မှောက်လျက် အနေအထားတွင် လက်သီးဆုပ် ၊ တံတောင်ကွေး၍ လက်သီး ၊ လက်ဖျံ ၊ တံတောင်ဆစ်တို့ အား ကြမ်းပြင် နှင့် ထိကာ ခါးအထက်ပိုင်းအား မတင်ပါ။ ယင်း အနေအထား အတိုင်း (၄) ကြိမ် ၊ တစ်ကြိမ်တွင် အနည်းဆုံး (၅) မိနစ်ခန့် ကြာအောင် နေပါ။


၂) လက်ဝါးနှစ်ဖက်အား ဖြန့် ၍ ကြမ်းပြင်တွင် အပ်ကာ ခါးအထက်ပိုင်းကို မတင်ပါ။ လက်ကိုဆန့် ထားပါ။ ကိုယ်အထက်ပိုင်းကို ပြန်ချပါ။ ဖြည်းညင်းစွာ ပြုလုပ်ပါ။ တစ်နေ့ (၄) ကြိမ် ၊ တစ်ကြိမ်လျှင် (၂၀) ခေါက်မျှ ဆန့် တင်ပေးပါ။



၃) တင်ပျဉ်ခွေ ထိုင်ပါ ။ လက်ဖဝါး နှစ်ဖက်ကို နောက်ပစ်၍ ယှက်ထားပါ။ ခါးအထက်ပိုင်းအား ရှေ့ သို့ ဖြည်းညင်းစွာ ကိုင်းငုံပါ။ တစ်နေ့ (၄) ကြိမ် ၊ တစ်ကြိမ်လျှင် (၂၀)ခေါက် ပြုလုပ်ပါ။


WARRING : လေ့ကျင့်ခန်း ပြုလုပ်သော ရက်များအတွင်း ခါးကြောလိမ်ဆန့် ခြင်း ၊ ခါးကုန်းခြင်း ၊ အကြောလျှော့ခြင်း စသည့် ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။

တိုင်းရင်းဆေးဆရာ ဦးဝင်းမြင့်ဆောင်းပါးမှ ကူးယူဖော်ပြသည်။