စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

3 Jun 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၅

ဒီနေ့ တော့ ပဲသီး နဲ့ ခရမ်းသီး ရောကြော် ၊ ဝက်သီးဟင်း ချက်စားတယ်။ ဝက်သားကို အလွယ်ချက်တာကတော့ ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း  ၊ ကြက်သားမှုန့် ၊ ဆား ၊ ပဲငံပြာရည် (အနောက်) ထည့်ပြီး ၊အသားထဲ အနှစ် အရသာ ဝင်အောင် နယ်ပြီး မီးဖိုပေါ် မီးအနေတော် ထားပြီး တည်ထားလိုက်တာ။ ခဏ ၊ ခဏ လည်း သွားကြည့်နေစရာ မလိုတော့ အလုပ်သက်သာတယ်။ ကြက်သွန်နီ မပါတော့ အထားလည်း ခံတယ်။ နောက်နေ့ ကျ ဝက်သားချည်းပဲ စားရတာ အီတယ်ဆို သရက်ချဉ် ထည့်ပြီး စားလိုက်ရုံပဲ ။