စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

25 Mar 2012

စားကြမယ်ဟေ့ကောင်းကောင်း -၁၆

ဝက်ချိုချဉ် အတွက် လိုအပ်တဲ့ ပါဝင် ပစ္စည်းတွေကတော့ _
  • ဝက်သား
  • ခရမ်းချဉ်သီးဆော့စ်
  • ပြောင်းမှုန့် (Corn Starch)
  • Carrots, Red & Green Bell Pepper
  • Soya Sauce
  • Ginger
  • Garlic
  •  egg
ဝက်သားကို အတုံးသေးလေးတွေတုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် ထည့်နယ်ပြီး နှပ်ထား ပါတယ်။ ဝက်သား နှပ်ထားစဉ်အတွင်းမှာ  ပန်းငရုတ်၊ ခါကြက်ဥနီ  (စားလုံးပေါင်း မှန်လားမသိ) ၊ ကြက်သွန်နီ တို့ ကို စိပ်ထားပြီး ရေစင်စင်ဆေးချပါတယ်။

ဝက်သားကြော်ဖို့ အတွက် ခုန နှပ်ထားတဲ့ ဝက်သားတွေကို ကြက်ဥထဲမှာ စိမ်၊  ပြောင်းမှုန့် ကပ်ပြီး ဆီပူပူမှာ ကြော်ပါတယ်။
ဝက်သားကြော်တွေ ရရင် ဆယ်ပြီး ဆီစစ်ထားပါတယ်။ နောက်ဆုံးဆင့် ကြော်ဖို့ အတွက် ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူထောင်း အနည်းငယ် ၊ ဂျင်းအနည်းငယ်ရယ် ဆီသတ်ပြီး ခရမ်းချဉ်သီးဆော့စ်ထည့် အသီးအရွက်တွေ ထည့်ပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ သကြား အနည်းငယ် ထည့် မွှေပြီး  အသီးအရွက်များကြက်အောင် ရေအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါတယ်။ အသီးအရွက်တွေ နပ်ပြီဆို ဝက်သားကြော်များ ထည့်မွှေကာ စားသုံးနိုင်ပါပြီ။ 




နေ့ ခင်းစာ တို့ ဟူးကြို့ ပြီး ကြာဇံနဲ့ ချဉ် ၊ ငံ ၊ စပ် သုတ်စားဖြစ်ပါတယ်။ 


ကျေးဇူးရှင် ကိုးနတ်ရှင် နှိပ်စက်လို့ ပုံတွေ ထပ်တင်မရတော့ဘူး ။ 
ကျန်းမာ ၊ ချမ်းသာ ၊ စိတ်နှလုံး ရွှင်လန်းကြပါစေရှင်

15 Mar 2012

စားကြမယ့်ဟေ့ကောင်းကောင်း -၁၅

ဒီတခါတော့ ဟင်းအရံလေးတွေ ချက်မယ်နော်။
ပထမဆုံး ကြက်ဟင်းခါးသီး ချက်ပါတယ် ။  ဆီးချို ၊ သွေးတိုး သမားတွေ အတွက်လည်း ကောင်းတယ်လေ ။ အရင်ဆုံး ကြက်ဟင်းခါးသီးကို မထူ မပါး အကွင်းလိုက်တွေ လှီး အစေ့ထုတ်ပြီး ဆားနဲ့ နယ်ထားပါတယ် ။ ဆီသတ်ဖို့ ကြက်သွန်ဖြူ ၊ နီ ၊  ခရမ်းချဉ်သီး တစ်လုံး ပါးပါးလှီးထားပါတယ်။
အဆင့်သင့်ဖြစ်ပြီ ချက်တော့မယ်ဆို ခုဏနယ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကို ရေဆေးချပါတယ်။
ချက်မယ့်အိုးထဲမှာ ဆီထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူ ၊ နီထည့် နွမ်းသွားရင် ခရမ်းချဉ်သီး ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပြီး ကြက်ဟင်းခါးသီးထည့်ပါတယ်။ ပြီးရင် ရေထည့်ထားပါတယ်။ အဖုံးတော့ မအုပ်ပါဘူး ။ အခါးတွေ ထွက်အောင်လို့ ပါ။ ၁၅ မိနစ်လောက်ဆို စားလို့ မြိန်မယ့် ကြက်ဟင်းခါးသီး ဟင်း ရပါပြီရှင် :)

ဟင်းအရံအနေနဲ့ ချဉ်ပေါင် ချဉ်စပ်လေးကလည်း စားကောင်းပါတယ်။ ပုဇွန်ဆိတ်လေး ဝယ်ပြီးသား မရှိတာနဲ့ မထည့် လိုက်ရတော့ဘူး။ ငရုတ်သီးစပ်စပ် နဲ့ ချဉ်ပေါင် ပလိန်း ကလည်း ထမင်းမြိန်စေတယ်လေ..  :0



ခရမ်းသီး နှပ်ကလည်း စားလို့ မြိန်တဲ့ အရံဟင်းတစ်ခွက်ပါပဲ။ 
ခရမ်းသီး နှပ်ဖို့ အတွက် ခရမ်းသီးတွေကို အနေတော် လှီးပြီး ရေစင်စင်ဆေးချပါတယ်။
အနှစ်အတွက် ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ခွဲခြမ်းမှုန့် (ငရုတ်သီးအကြမ်း) တို့ ကို ဆုံထဲမှာ ထဲထောင်းပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ချက်မယ့်အိုးထဲကို ခရမ်းသီးထည့် ၊ ဆုံထဲက ထောင်းတာတဲ့ အနှစ်ကို ထည့် ၊ ဆီ ၊ ဆား ၊ ဟင်းခတ်မှုန့် ထည့်ပြီး မီးဖိုးပေါ်တင်လိုက်ရုံပါပဲ ။ ၁၀ မိနစ်လောက်ဆို အသားဟင်းတောင် မလိုဘဲ စားမြိန်တဲ့ ခရမ်းသီးနှပ် တစ်ခွက် ရပါဘီ ။
သူမအတွက်ကတော့ ခရမ်းသီးနှပ် တစ်ခွက်နဲ့ တောင် စားလို့ မြိန်တယ် ။ ဟိ အရမ်းကြိုက် :D




အလုပ်ပိတ်ရက်မှာ နေ့ ခင်းပိုင်း တီဗွီလေးကြည့်ရင်း စားရအောင် သဘောင်္သီးထောင်းပါတယ်။
သဘောင်္သီးထောင်းဖို့ အတွက်-
  • သဘောင်္သီး အလုံးသေး တစ်ခြမ်း ၊
  • ပုဇွန်ခြောက် ၃ ဇွန်း ၊ မြေပဲဆံ ၃ ဇွန်း ၊
  •  ငရုတ်သီးစိမ်း ၅ တောင့် ( အစပ်မကြိုက်ရင် လျှော့ပါ ၊ ကြိုက်ရင် ပိုထည့်ပါ )
  • ခရမ်းချဉ်သီး အလုံးသေး တစ်လုံး ၊ ပဲသီး နှစ်ထောင့်
ပထမဆုံး သဘောင်္သီး ခြစ်ထားတာကို ကြွပ်နေအောင် ရေခဲရေ စိမ်ထားပါတယ်။
သဘောင်္သီးထောင်းဖို့ အတွက် ငရုတ်ဆုံမှာ ငရုတ်သီးစိမ်း ၊ သကြား ၂ ဇွန်း (ထန်းလျှက် အစား) ၊ ညက်နေအောင် ထောင်းပါတယ်။  ရရင် ပုဇွန်ခြောက် ၊ မြေပဲကို ခပ်ဖွဖွထောင်းပြီး ခုဏရေစိမ်းထားတဲ့ သဘောင်္သီးများကို ရေစင်အောင် စစ်ပြီး ထည့်ပါတယ်။ ပြီးရင် ပဲသီး ၊ ခရမ်းချဉ်သီး ၊ ငံပြာရည် ၊ သံပရာသီးရွှဲရွဲလေး ညှစ်ထည့်တာ ဖွဖွလေးထောင်းပြီး နှံအောင် ဇွန်းနဲ့ နယ်ပြီး ပန်းကန်ထဲ ထည့်ကာ ချိုချဉ်စပ် သဘော်သီးထောင်းကို ကြက်ကြော်လေးနဲ့ တွဲကာ စားလို့ ရပါပြီ။
 




စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကြပါစေရှင်

4 Mar 2012

စားကြမယ့်ဟေ့ ကောင်းကောင်း -၁၄

ဒီတခါအလှည့်ကျတာကတော့ ပင်လယ်စာဖြစ်တဲ့ ခရုဟင်း နဲ့ အစာပြေ စားဖို့ ပဲပြား အစာသွပ်ရယ် ၊ ဘယာကြော်ရယ်ပါ။ 
ခရုဟင်း စပ်စပ် (clams curry) ချက်ဖို့ အတွက် အရင်ဆုံး ခရုတွေကို ရေစင်စင်ဆေးချပြီး အိုးတစ်လုံးနှင့် ၅ မိနစ်ခန့် ပြုတ်ပါတယ်။ ပြုတ်နေစဉ်အတွင်း ခရုဟင်းချက်ဖို့ အတွက် ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ် နှင့် အစပ်အတွက် ငရုတ်သီး အနီ သုံးတောင့်ခန့် ကို ညက်ညက်ထောင်းပါတယ်။ ပြင်နေစဉ် အတွင်းမှာ ပြုတ်ထားသော ခရုတွေ ရရင် ဆယ်ပြီး ရေစစ်ထားပါတယ်။ အားလုံးအဆင်သင့် ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင် (ဆီအနည်းငယ်) ၊ ဆီကျက်လာပြီဆို ထောင်းထားသော အရောများကို ဆီသတ်ပြီး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပျင်တော်သိမ် ၊ sambal sauce ထည့် မွှေပြီး ခရုများကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ sambal sauce မကြိုက်ရင် black bean sauce လည်း ထည့်နိုင်ပါတယ်။ ငါးမိနစ်လောက်ဆို လွယ်ကူမြန်ဆန် စားလို့ မြိန်မယ့် ပူပူစပ်စပ် ခရုဟင်း တစ်ခွက် ရပါပြီရှင် ။


ပဲပြားအစာသွပ်ဖို့ အတွက် ပဲပြားနှစ်တုံး ၊ ဂေါ်ဖီ ၊ ရှောက်ရွက် ၊ ငရုတ်သီး ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့်  ၊ သံပုရာသီး  တို့ လိုအပ်ပါတယ်။
ပဲပြားကြော်ဖို့ အတွက် ပဲပြားတုံးကို အလယ်ကနေ ထက်ခြမ်းခွဲပြီး ဆား ၊ ဟင်းခတ်မှုန့် တို့ ကို အသားထဲဝင်အောင် ဆုပ်နယ်ပါတယ်။ ပဲပြားမကြော်ခင် အစာသွပ်ဖို့ အတွက် ဂေါ်ဖီ ၊ ရှောက်ရွက် ၊ ငရုတ်သီး တို့ ကို ပါးပါးလှီး ၊ ပုဇွန်ခြောက်မှုန့် ဟင်းခတ်မှုန့်  ငံပြာရည်ထည့်ပြီး  သံပုရာသီး အရည်ရွှဲရွှဲညှစ်ထားပါတယ်။ ပဲပြားကြော်ပြီးမှ ပြင်ဆင်နေရင် အေးပြီး စားမကောင်းဘူး ထင်လို့ ပါ။ အစာသွပ်ဖို့ ရပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ပဲပြားကြော်ပါတယ်။ ပဲပြားကြော်ရရင် အလယ်ကနေ ဒေါင်လိုက်ခွဲပြီး အစာသွပ်မယ့် ပါဝင်ပစ္စည်းတွေ ထည့်ပြီး ချဉ်ချဉ်စပ်စပ် ပဲပြားကြော်ကို သုံးဆောင်လို့ ရပါပြီ။




သူမရဲ့ ဘယာကြော်ပါ။ ကုလား ရဲ့ ဗယာကြော် မဟုတ်ပါဘူး ။:P လုပ်နည်းတော့ ရေးတော့ဘူးနော် ။



အလည်ရောက်သူများ စိတ်နှလုံး ရွှင်လန်းကြပါစေရှင် ။