စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

4 Mar 2012

စားကြမယ့်ဟေ့ ကောင်းကောင်း -၁၄

ဒီတခါအလှည့်ကျတာကတော့ ပင်လယ်စာဖြစ်တဲ့ ခရုဟင်း နဲ့ အစာပြေ စားဖို့ ပဲပြား အစာသွပ်ရယ် ၊ ဘယာကြော်ရယ်ပါ။ 
ခရုဟင်း စပ်စပ် (clams curry) ချက်ဖို့ အတွက် အရင်ဆုံး ခရုတွေကို ရေစင်စင်ဆေးချပြီး အိုးတစ်လုံးနှင့် ၅ မိနစ်ခန့် ပြုတ်ပါတယ်။ ပြုတ်နေစဉ်အတွင်း ခရုဟင်းချက်ဖို့ အတွက် ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ် နှင့် အစပ်အတွက် ငရုတ်သီး အနီ သုံးတောင့်ခန့် ကို ညက်ညက်ထောင်းပါတယ်။ ပြင်နေစဉ် အတွင်းမှာ ပြုတ်ထားသော ခရုတွေ ရရင် ဆယ်ပြီး ရေစစ်ထားပါတယ်။ အားလုံးအဆင်သင့် ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင် (ဆီအနည်းငယ်) ၊ ဆီကျက်လာပြီဆို ထောင်းထားသော အရောများကို ဆီသတ်ပြီး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပျင်တော်သိမ် ၊ sambal sauce ထည့် မွှေပြီး ခရုများကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ sambal sauce မကြိုက်ရင် black bean sauce လည်း ထည့်နိုင်ပါတယ်။ ငါးမိနစ်လောက်ဆို လွယ်ကူမြန်ဆန် စားလို့ မြိန်မယ့် ပူပူစပ်စပ် ခရုဟင်း တစ်ခွက် ရပါပြီရှင် ။


ပဲပြားအစာသွပ်ဖို့ အတွက် ပဲပြားနှစ်တုံး ၊ ဂေါ်ဖီ ၊ ရှောက်ရွက် ၊ ငရုတ်သီး ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့်  ၊ သံပုရာသီး  တို့ လိုအပ်ပါတယ်။
ပဲပြားကြော်ဖို့ အတွက် ပဲပြားတုံးကို အလယ်ကနေ ထက်ခြမ်းခွဲပြီး ဆား ၊ ဟင်းခတ်မှုန့် တို့ ကို အသားထဲဝင်အောင် ဆုပ်နယ်ပါတယ်။ ပဲပြားမကြော်ခင် အစာသွပ်ဖို့ အတွက် ဂေါ်ဖီ ၊ ရှောက်ရွက် ၊ ငရုတ်သီး တို့ ကို ပါးပါးလှီး ၊ ပုဇွန်ခြောက်မှုန့် ဟင်းခတ်မှုန့်  ငံပြာရည်ထည့်ပြီး  သံပုရာသီး အရည်ရွှဲရွှဲညှစ်ထားပါတယ်။ ပဲပြားကြော်ပြီးမှ ပြင်ဆင်နေရင် အေးပြီး စားမကောင်းဘူး ထင်လို့ ပါ။ အစာသွပ်ဖို့ ရပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ပဲပြားကြော်ပါတယ်။ ပဲပြားကြော်ရရင် အလယ်ကနေ ဒေါင်လိုက်ခွဲပြီး အစာသွပ်မယ့် ပါဝင်ပစ္စည်းတွေ ထည့်ပြီး ချဉ်ချဉ်စပ်စပ် ပဲပြားကြော်ကို သုံးဆောင်လို့ ရပါပြီ။




သူမရဲ့ ဘယာကြော်ပါ။ ကုလား ရဲ့ ဗယာကြော် မဟုတ်ပါဘူး ။:P လုပ်နည်းတော့ ရေးတော့ဘူးနော် ။



အလည်ရောက်သူများ စိတ်နှလုံး ရွှင်လန်းကြပါစေရှင် ။