စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Dec 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၈

ပေါ်မလာ အတော်ကြာ ဖြစ်နေတဲ့ ဘလောဂ့်ကို ငါးဟင်းနဲ့ ပြန်အသက်ဆက်အုန်းမယ်နော်။

ခံတွင်းမြိန်စေမယ့် ချဉ်စပ်ငါးဟင်းချက်ဖို့ အတွက် လိုအပ်တာတွေကတော့ -
  • ငါး
  • သရက်သီးခြောက်
  • ငရုတ်ပွခြောက်
  • ရှောက်ရွက် 
  • ရုံးပတီသီး

ငါးချဉ်စပ် ချက်ဖို့ အတွက် ငါးကို ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန် . ၊ ဆနွင်း (ပါရုံ) နယ်ပြီး နှပ်ထားပါတယ်။ သရက်သီးခြောက်ကို အဖန်ဓါတ် ထွက်ပြီး အရမ်းကြီး ချဉ်မနေအောင် ရယ် ၊ သရက်သီး ခြောက် နူးသွားအောင်ရယ် ဆယ်မိနစ်ခန့် ပြုတ်ထားပါတယ်။ ငရုတ်သီးခြောက် ရေစိမ်ထားတာကိုလည်း ပြုတ်ပါတယ်။ ငရုတ်သီးခြောက် ပြုတ်ထားတာကို ပြန်ဆယ် ရေစစ်ပြီး ကြက်သွန်ဖြူ တစ်တပ်ထည့်ကာ ဘလန်ဒါနဲ့ အကုန်ချေပစ်လိုက်ပါတယ်။ 

ဟင်းချက်ဖို့ အဆင်သင့်ဖြစ်ပြီဆို ဆီအိုးတည် ၊ ငရုတ်နှစ်ထည့် ၊ အရောင်တင်မှုန့် ထည့် ၊  ရှောက်ရွက်ထည့် ၊ သရက်သီးခြောက်ထည့် ၊ ငါးထည့် ၊ ဆား ၊ ဟင်းခတ်မှုန့်  ရေ ထည့်ကာ အိုးတည်ထားပါ။ ငါးဟင်း ကျတ်လောက်ခါနီးမှ ရုံးပတီသီး ထည့်ကာ အရသာတစ်မျိုးလေးနဲ့ စားသုံးနိုင်ပါပြီ။





 သူမဘလော့ဂ်ထဲမှာ ဝက်သားအလွယ်ချက်နည်းဆိုပြီး လာရှာထားတာ ၂၀ ကျော်တောင် ရှိတယ်။ ကိုယ်ဘလော့ဂ် အတွက်တော့ ၂၀ ဆိုတာ အများကြီးပဲ ။ ဒါကြောင့် ဝက်သားအလွယ် ချက်နည်း လေး ရေးပေးမယ်နော်။
ဝက်သားကို ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် အနောက် ၊ ဆီ ၊ ဂျင်း ကြက်သွန်ဖြူထောင်းတာ ထည့်ပြီး မီးဖိုပေါ်တင် ၊ ၂ မိနစ်လောက် တည်ပြီးရင် ရေထည့်ခါ တီဗွီကြည့်ချင်ကြည့် ၊ အိမ်သန့် ရှင်းရေး လုပ်ချင်လည်း လုပ် ၊ ဂိမ်းဆော့ချင်လည်း ဆော့နေတော့ပဲ ။ အဲ  ... ဒီနေရာမှာ ဂျင်း ၊ ကြက်သွန်ဖြူတောင် ထောင်းမထည့်ချင်ဘူး ဆိုရင် ချန်လှပ်ထားပါ။ ဝက်သားအိုးနူးပြီး ချခါနီးမှ ကြက်သွန်နီ လေးစိပ် စိပ်ထားတာကို ထည့်လိုက်ပါ။ အချိန်လည်း မကုန် အလုပ်လည်း မရှုပ်တဲ့ ဝက်သားဟင်း တစ်ခွက်ရပါပြီရှင် .. :P



ခရစ်စမတ် ပိတ်ရက်ကို ဘူးသီးကြော်စားဖြစ်တယ်လေ။ အချဉ်လုပ်နည်းကတော့ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ထန်းလျှက် ထောင်းတာကို မန်ကျဉ်းရည်ထဲထည့် ၊ နံနံပင် ညှပ်ကာ ဘူးသီးကြော်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော် ။  :D



27 Oct 2012

စားကြမယ်ဟေ့ကောင်းကောင်း - ၂၇

မင်္ဂလာပါရှင် .. ဒီနေ့ တော့ သူမရဲ့ လက်ရာ tahu penyet ချက်မယ်နော် ။ tahu penyet ကို တစ်ချို့ က အစာပြေ စားသလို  တစ်ချို့ ကျလည်း ထမင်းနဲ့ စားကြတယ်ရှင့် ။ ချက်ပြီးရင်တော့ မိတ်ဆွေ တို့ စိတ်ကြိုက် သုံးဆောင်ပါနော် ။
tahu penyet ချက်ဖို့ အတွက် အဓိကတော့ ပဲပြား နဲ့ တွဲဖက်စားသုံးတဲ့ sambal terasi (ငပိချက်) ပါ ။ စချက်မယ်နော် :)
 အရင်ဆုံးပဲပြားကို ရေဆေး လေးစိပ်စိပ်ပြီး ဆား၊ ဟင်းခတ်မှုန့်  နယ်ထားပါတယ်။ 

sambal terasi ချက်ဖို့ အတွက် ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်သီး ၊ ငါးပိ ၊ ခရမ်းချဉ်သီး ၊ သကြား ၊ ဟင်းခတ်မှုန့် ပါ။ အရင်ဆုံး ကြက်သွန်ဖြူ ၊ နီ ကို အလုံးလိုက် နွမ်းသွားအောင် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ငရုတ်သီး ကြော် ၊ ခရမ်းချဉ်သီး လှီးထားတာ နွမ်းရုံလောက် ကြော်ပြီး ငပိကြော်ပါတယ်။ အားလုံးကြော်ပြီးသွားရင် ငရုတ်ဆုံထဲ ထည့် သကြား အနည်းငယ်ထည့်ကာ  ချေပါတယ်။ ချေပြီးသွားရင် အပေါ့ ၊ အငံ မြည်းပြီး tahu နဲ့ တွဲဖက်စားနိုင်ပါပြီ။
(tahu နဲ့ တွဲစားမှာ ဖြစ်တဲ့ အတွက် စပ်လေ ကောင်းလေပါပဲ။ တို့ စရာ အစုံ အလင်နဲ့ တွဲဖက်လည်း စားနိုင်ပါတယ် )

tahu penyet ပါ။ စပ်စပ်လေးနဲ့ အရမ်းကို စားလို့ ကောင်းပါတယ်။ သခွားသီးလေး ရှိရင် ထည့်ပါ။ သူမ ဝယ်ထားတာ မရှိလို့ မထည့်လိုက်ရဘူး။

အလုပ်လေး ပိတ်တုန်း မုန့် ဟင်းခါး မော်ဒီဖိုင်း ချက်ပါတယ်။ ကြုံတုန်းလေး အားပေးသွားပါအုန်းနော် :D


1 Sept 2012

စားကြမယ်ဟေ့ကောင်းကောင်း - ၂၆


ပျင်းပျင်းနဲ့ ဘာမှ မတင်ဖြစ်တာကြာပြီ။ ဒီတခါ sweet n sour chicken ချက်မယ်နော် ။ချက်နည်းကတော့ အရင်ချက်ထားတဲ့ ဝက်ချိုချဉ်ချက်နည်း  နဲ့ တူတူပါပဲ ။ ကြက်သားကြော်တွေ ပွပွလေးဖြစ်အောင် ဆိုဒါတော့ နည်းနည်းလေး ပိုထည့်လိုက်တယ်။

ခုတလော ဘာကြောင့်ရယ်မသိ ။ ပျင်းတာမှ ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိသလို စားချင်းစိတ်ပါ ပျောက်အောင် ပျင်းရော။ အလုပ်ထဲလည်း စိတ်ကမရှိ ။ ဇာတ်ကားတွေ တစ်ကားပြီး တစ်ကား လျှောက်ကြည့်တော့လည်း နောက်ဆက်တွဲ ပါဝါတက်ပြန်ရော။ 

သူငယ်ချင်း ဆီ ဖုန်းဆက်တော့လည်း သူပျင်းတာ ကိုယ့်ထက်ဆိုး ။ ပျင်းလွန်းလို့ မိုးရွာသံကြားတာတောင် လျှော်ထားတဲ့ အဝတ်တွေ ထမရုပ်ဘူးတဲ့လေ။ ညကျ အိပ်စရာ စောင်တွေ ၊ ခေါင်းအုန်းတွေ မရှိလို့ တဲ့ ။ ကောင်းရော ။ :(

ပျင်းပျင်းနဲ့ ချက်ထားတဲ့ ကြက်ချိုချဉ် အားပေးသွားပါအုန်း ။ ကြက်ချိုချဉ် ပန်းကန်တောင် ပျင်းတဲ့ပုံ ပေါက်နေပြီလား မသိပါဘူး။ ဟုတ်တယ်။ ကြည့်ရတာ ပန်းကန်ပါ ပျင်းနေတယ် ။




ပျင်းပျင်းနဲ့ တစ်လက်ကိုင်ခွင့် သီချင်းလည်း နားထောင်သွားပါအုန်းးးးးးးးး


23 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း -၂၅


ဒီတခါတော့ lemon chicken ချက်မယ်နော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ -
  • ကြက်သား
  • ကြက်ဥ
  • ပြောင်းမှုန့် 
  • ပဲငံပြာရည် အနောက်
  • သံပုရာသီး
  • ဆော်ဒါ
  • ဆီ/ ဆား / သကြား

ကြက်ရင်ပုံသားကို အတုံးသေးလေးတွေတုံး ရေစင်စင်ဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် (အနောက်) တို့ နဲ့ နယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါတယ်။


ကြက်သားနှပ်ထားစဉ် အတွင်း ကြက်ဥတစ်လုံးဖောက်ထည့် ပြောင်းမှုန့် ၊ baking soda ၊ ဆား အနည်းငယ်ထည့်ပြီး မွှေထားပါ။ မွှေပြီးရင် နှပ်ထားတဲ့ ကြက်သားထဲ လောင်းထဲကာ ဆီပူမှာ ကြော်ပါမယ်နော်


Lemon အရည် လုပ်ဖို့ အတွက်က ကြက်သားမှုန့် ကို ရေဖျော်ပြီး သကြား ၊ ဆား ၊ ပြောင်းမှုန့်  အနည်းငယ် ထည့်ပြီး မွှေပါ။ ပြီးရင် lemon အဝိုင်းလေးတွေ ထည့်ကာ မီးဖိုပေါ်တင်ပြီး ကျိုပေးပါ။



ခုဏကြော်ထားတဲ့ ကြက်သားတွေ ဆီစစ်ပြီးပြီဆိုရင် လီမွန်အရည်ကို အပေါ်က လောင်းထည့်ပြီး ချဉ်ပြုံးပြုံး နဲ့ စားသုံးနိုင်ပါပြီနော် :-)


အချိုးအစားကတော့ ရေးတော့ဘူးနော်။ မှန်းသာချက် ။ စားကောင်းမှာ သေချာတယ်။

 အောက်က ဗွီဒီယိုလေးကတော့ ကြာပါပြီ။ အခုပြန်ကြည့် အခုရယ်ရလို့ ။ ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ။ hehe ... haha ... hoho ...

20 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၄

မင်္ဂလာပါရှင် ။ ဒီတခါတော့ ကြက်သီဟိုစေ့ အချိုချက်မယ်နော် ။ပါဝင်ပစ္စည်းတွေကတော့ -
ကြက်သား
သီဟိုစေ့
ကြက်သွန်ဖြူ၊ နီ ၊ ဂျင်း
ပဲငံပြာရည် အနောက်
ဟင်းခတ်မှုန့် 
ဆီ  ၊ ဆား

 ကြက်သားကိုရေဆေးပြီး ဆား ၊ ဟင်းခတ်မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၊ နီ ဂျင်း ထောင်းပြီး နှပ်ထားတဲ့ ကြက်သားထဲရော ပဲငံပြာရည် ၊ ဆီ လောင်းထည့်ပြီး ကြက်သားအရည် တင်းအောင် အနည်းငယ် မွှေပေးပြီး ရေထည့်ကာ တည်ထားပါ။ ကြက်သားနူးလောက်ပြီဆို သီဟိုစေ့ထည့် ကာ စားသုံးနိုင်ပါပြီ။ သီဟိုစေ့ ပျော့တာ ကြိုက်ရင်တော့ စောစော ကြိုထည့်ပေါ့နော်။ သူမကတော့ သီဟိုစေ့ ပျော့တာ မကြိုက်တာနဲ့ ချခါနီးမှ ထည့်ဖြစ်တယ်။ ထမင်းပူပူလေးနဲ့ စားလို့ မြိန်တဲ့ ဟင်းတစ်ခွက်ပေါ့နော်။



အရံဟင်းအနေနဲ့ ကြက်ဟင်းခါးသီး ကိုအစာသွပ်ကြော်ပါတယ်။ အစာသွပ်ဖို့ အတွက် ကြက်ဟင်းခါးသီးကို  အနေတော် အဝိုင်းလေးတွေ လှီး ဆားနဲ့ နယ်ပြီး ရေဆေးထားပါမယ်။ အစာသွပ်ဖို့ အတွက် ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး အကြမ်းဖက် ကိုရောထောင်းကာ ဟင်းခတ်မှုန့် ၊ ဆားတို့ နဲ့ နယ်ပြီး အစာသွပ်ပြီး ကြော်ရုံပါပဲ။ အစာသွပ်တဲ့ အခါမှာ အဝတွေ ကြပ်နေအောင် ထည့်ပေးအုန်းနော်။ မဟုတ်ရင် ကြော်တဲ့ အခါ ထွက်ကုန်မှာစိုးလို့ ။ ပုဇွန်ခြောက် အလွယ် ဝယ်မရခဲ့ရင် ငါးလုံး ၊ ပုဇွန်လုံး တွေ ထည့်ကြော်ရင်လည်း အရမ်းစားကောင်းတယ်နော် :)



9 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၃

ဒီနေ့ တော့ ဝက်သား နဲ့  သရက်သီးခြောက် ချက်မယ်နော် - ဟင်းမချက်မှီ နာရီဝက်လောက် ထဲက သရက်သီးခြောက် လက်တစ်ဆုပ် စာလောက်ကို ရေစိမ်ထားပါတယ်။

ဝက်သားအနေတော် တုံးပြီး ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် တို့ နဲ့ နယ်ပြီး ခဏ နှပ်ထားပါတယ်။
ပြီးရင် နှပ်ထားတဲ့ ဝက်သားအိုးထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း၊ ရေစိမ် ထားတဲ့ သရက်သီး ရော၊ ငပိနည်းနည်း ထည့် ၊ ဆီ အနည်းငယ်ထည့်ပြီး တည်ထားရုံပါပဲ။ ဟင်းအိုးကျတ်ရင် အပေါ့ ၊ လေး မြည်းပြီး စားသုံးနိုင်ပါပြီနော် ။


သရက်သီး အချဉ်အရသာက ဝက်အဆီတွေထဲထိ ဝင်ပြီး ခံတွင်းလည်းကောင်း ၊ ထမင်းစားလို့ လည်း မြိန်စေပါတယ်။ :)


ငါးရံ့ ခြောက်ကို ထမင်းနဲ့ နယ်စားလို့ ရအောင် အစိုကြော် ထားပါတယ်။ အလုပ်များတဲ့ ရက်တွေဆို ဟင်းမချက်နိုင်ရင် အလွယ်တကူ စားနိုင်အောင်ပေါ့။

ငါးရံ့ ခြောက်ကို နူးနေအောင် ပြုတ်ပြီး အသားတွေ နွှာ၊ ကြက်သွန်နီကို မခြောက်တခြောက်လေး ကြော် ၊ ချခါနီး ဟင်းခတ်မှုန့် နဲ့ ငရုတ်သီး (အကြမ်းဖတ်) အနည်းငယ် ထည့်ပြီးကြော်ပါတယ်။ အထားလည်းခံ စားလို့ လည်း ကောင်းပါတယ်။




24 Jun 2012

စားကြမယ့်ဟေ့ကောင်းကောင်း -၂၂

ဒီတခါတော့ မရိုးမဆန်းဖြစ်တဲ့  ခါကြက်ဥသုတ်(ပတ္တာမြားသုတ်) စားကြရအောင်နော် ။ ခါကြက်ဥသုတ်ဖို့ အတွက် လိုအပ်တာကတော့ -
  • ခါကြက်ဥ နှစ်လုံး
  • ရှောက်ရွက် နှစ်ရွက်
  • ပုဇွန်ခြောက် အနည်းငယ်
  • ငရုတ်သီးစိမ်းတစ်တောင့် (အစပ်ကြိုက်ရင် ထည့်ပါ)
  • သံပုရာသီး
  • ကြက်သွန်ကြော်
  • ပဲမှုန့်  ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ ဆီအနည်းငယ်
ခါကြက်ဥ အပေါ်လွှာကို ဖယ် ရေးစင်စင်ဆေးပြီး ခြစ်နဲ့ ခြစ်ပါ။ ရှောက်ရွက် ၊ ငရုတ်သီး ပါးပါးလှီး ထားတာကို ထည့်၊ ပဲမှုန့် ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ ဆီ ၊ ပုဇွန်ခြောက် အနည်းငယ်ထည့် ၊ နယ်ခါနီး သံပုရာသီးလေးညှစ်ကာ ချဉ်ငံစပ်သုတ်ပြီး ကြက်သွန်ကြော်ဖြူး ရေနွေးကြမ်းလေး ငှဲပြီး အပျင်းပြေ သုံးဆောင်နိုင်ပါပြီနော် ..


တီလားပီးယားကြော်။ တီလားပီးယား အနံ့ ကို သိပ်မကြိုက်လို့ မစားဖြစ်တာ များတယ်။ သူမစိတ်ထဲတော့ ဘဲချေးနံ့ ရသလိုပဲ ။ တခြားမှာတော့ ဘယ်လို မွေးတယ် မသိဘူး ။ သူမတွေ့ ဖူးတာတော့ အမှတ် ၃ အမြန် လမ်းမတွေ ပေါ်မှာ တီလားပီးယားကန် အပေါ်မှာ ဘဲခြံတွေ ဆောက်ပြီး မွေးတာ တွေ့ ဖူးတာပဲ ။


29 May 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၁

သူမတစ်ယောက်လည်း ပို့ စ်မတင်နိုင်ပဲ ပျောက်ချက်သားကောင်းနေတယ်လေ။ ဒီတခါ ထမင်းစားလို့ မြိန်တဲ့ ပူစပ်စပ် တုံယမ်း ဟင်းချိုချက်မယ်နော် ။

ပါဝင်ပစ္စည်းတွေကတော့ -
ပုဇွန်
ကင်းမွန် (သို့ ) ပြည်ကြီးငါး
မှို
ရှောက်ရွက်
စပလင်
ဂျင်း
ငရုတ်သီစိမ်း
သံပုရာသီး

ရေပွက်ပွက် ဆူထဲကို ရှောက်ရွက် ၊ စပလင် ၊ ဂျင်း ၊ ငရုတ်သီး ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ Tom yam paste ဇွန်းနဲ့ ၂ ဇွန့်း ထည့်ပါတယ်။ ပြီးရင် မှို  ၊ ကင်းမွန် ၊ ပုဇွန် တို့ အစဉ်လိုက်ထည့်ပြီး ပွက်ပွက်ဆူအောင် ထည်ထားပါတယ်။ ချခါနီးကို သံပုရာသီး တစ်စိပ်လောက်ကို အရည်ညှစ် ထည့်ပြီး ပူစပ်စပ် တုံယမ်းဟင်း သုံးဆောင်နိုင်ပါဘီ :D

အချောမကိုင်ရသေးတဲ့ ကိုပုဇွန် နဲ့ မကင်းမွန် .. (မကင်းမွန် မွန်လို့ ဘာလို့ ခေါ်လဲဆိုတော့ သူခမျာ တစ်ကောင်တည်းလေ။ ပုဇွန်တွေက များနေလို့  :p )


 



မိတ်ဆွေ အပေါင်း စိတ်နှုလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ :)

11 May 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၀

အလုပ်များသလိုလို နဲ့ ပိုစ့်တွေ မတက်နိုင် ၊ ဘာမှ မချက်နိုင်ဖြစ်နေပြီ။ တကယ်က မိုးအေးအေးနဲ့ ကွေးပြီး ဘာမှကို ချက်မစားဖြစ်တာလေ။ :p ပြီးတော့ အိမ်နားမှာ ဆိုင်သစ်လေး လာဖွင့်တာ ဈေးလည်းချို ၊ အရသာလည်း ကောင်းနဲ့ ဝယ်စားဖြစ်နေတယ်လေ။ ဒီနေ့ တော့ chinese style steam fish လေး ချက်မယ်နော် ။ ချက်ရတာလည်း လွယ်တယ်။ အင်ဂရီးဒန့် လည်း နည်းတယ်။ စားလို့ လည်း ကောင်းတယ်။
steam fish ချက်ဖို့ အတွက် လိုအပ်တာကတော့ -
  • ငါး (ကြိုက်နှစ်သက်ရာ ငါးတစ်မျိုး)
  • light soy sauce
  • ပြောင်းမှုန့် 
  • ဂျင်း
  •  နံနံပင်

ငါးကို ကြေးခွံခွာ ဗိုက်ဖောက် ရေးဆေးချပြီး မိမိကြိုက်နှစ်သက်သလို အရာပေးပါ။ ပြီးရင် ဆား ၊ ဟင်းခပ်မှုန့်  ပြောင်းမှုန့် နဲ့ ငါးတစ်ကောင်းလုံး နယ်ပေးပါ။ ပြီးရင် ဆီနည်းနည်းကိုလည်း ငါးတစ်ကောင်လုံးကို နေရာ အနှံ လူးပေးပါနော် ။ အားလုံးရပြီဆို ငါးကို မီးဖိုပေါ်တင်ပြီး ပေါင်းပေးပါ။
ငါးပေါင်းနေတုန်း Steam fish အတွက် sauce လုပ်ရအောင်နော်။
ရေနွေး အနည်းငယ် ပွက်ပွက်ဆူ အိုးထဲကို light soy sauce ကို ခွက်သေးတစ်ခွက် ထည့်ပြီး မီးဖိုပေါ်တင်ပြီး တည်ပါတယ်။ ပြီးရင် ပြောင်းမှုန့် အနည်းငယ် ဖျော်ထားတာကို ရောပြီး အပေါ့ ၊ အငန် မိမိ နှစ်သက်သလို ပြင်ပါ။
sauce လည်း ရယ်ဒီ ဖြစ်ြပီ ၊ ငါးပေါင်းလည်း ရပြီဆို ငါးပေါင်းပေါ်ကို ဂျင်းထပ်အုပ် sauce အရည် လောင်းချပြီး ၅ မိနစ်လောက် ထပ်ပေါင်းပြီး စားလို ရပြီနော်။



သူမရဲ့ ဘက်ထရီဒေါင်းသွားတာနဲ့ ပုံရိုက်မရလို့ ငါးပုံကိုတော့ ဂူးဂဲလ်က ယူထားတယ်နော်။

27 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၉

ဒီတခါ nasi lemak ချက်မယ်နော်။ nasi lemak ချက်ဖို့ အတွက် လိုအပ်တာတွေကတော့-
  • ငရုတ်သီး အခြောက် (အရောင်လှအောင်)
  • ငရုတ်သီးစိမ်း (အစပ်အတွက်)
  • ကြက်သွန်နီ ၊ ဖြူ
  • ငနီတူခြောက် (သို့ ) ရခိုင်ခြောက်
  • မြေပဲ
  • ကြက်သား
  • သခွားသီး
  • ကြက်ဥ (သို့ ) ဘဲဥဆားငံ (ကြိုက်နှစ်သက်ရာ တစ်မျိုး)
 nasi lemak ချက်ဖို့ အနှစ်ရအောင် ချက်နည်းကတော့ ငရုတ်သီးခြောက် လက်နှစ်ဆုပ်စာလောက် ကို ရေနွေးဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ သုံးမွှာ၊ ကြက်သွန်နီ တစ်လုံး ၊ ငရုတ်သီးစိမ်းတောင့် (အစပ်ကြိုက်ရင် များများထည့်ပါ) လှီးထားတာတွေ အကုန်ပေါင်း ၊ ခုဏပြုတ်ထားတဲ့ ငရုတ်သီးခြောက်နဲ့ ရောပြီး ဘလန်ဒါ နဲ့ ကြိတ်ပေးပါ။

အဆင့်သင့်ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သား၊ ငနီတူခြောက်(dried anchovy fish) ကို အစဉ်လိုက် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ဘလန်ဒါနဲ့ ကြိတ်ထားတဲ့ ငရုတ်သီး အနှစ်ကို ကြော်ထားတဲ့ ဆီနဲ့ ပဲ ချက်လိုက်ပါ။
မြေပဲကတော့ အဆင်သင့်  ရှိလို့ ထပ်မကြော်တော့ဘူးနော်။ ကြက်ဥကတော့ ထမင်းအိုးချက်စဉ် တစ်ခါတည်း ထည့်ပြုတ်ထားပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ထမင်းပွဲပြင်ကာ စားသုံးနိုင်ပါပြီ။ တစ်ချို့ ကတော့ ထမင်းကို အုန်းနို့ နဲ့ ချက်ပါတယ်။ သူမတော့ ရိုးရိုးပဲ ချက်ပါတယ်။ ဘဲဥဆားငံလည်း မသုံးထားပါဘူး။ ငါးခြောက်ပါနေလို့ ။ မိတ်ဆွေ တို့ ကတော့ ကြိုက်နှစ်သက်သလို ချက်စားနိုင်ပါတယ်နော်။

ငရုတ်သီး ဟင်းအနှစ်က နောက်ရက်တွေ လည်း အထားခံပါတယ်။ မနက်ခင်းစာ အဖြစ် ကြာဇံကြော် ၊ ခေါက်ဆွဲကြော်နဲ့ လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

ရေနွေးဆူဆူနဲ့ ပြုတ်ထားတာပါ။
ဘလန်ဒါနဲ့ ခြေဖို့ အဆင့်သင့် လှီးထားတာပါ။

ငရုတ်နှစ်တွေ ရပါပြီနော် ။
nasi lemak is an extremely popular dish in m'sia


24 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၈

ဒီတခါ အလှည့်ကတော့ ချက်စား ဖြစ်တာတွေ တင်အုန်းမယ်နော်။ 
အာဗြဲခြောက် အစပ်ကြော်နဲ့ ပဲကုလားဟင်း ချက်ဖြစ်တယ်။
ပဲကုလားဟင်း ချက်ဖို့ တော့ ကုလားပဲတွေ တစ်ည ရေစိမ်ပြီး နောက်နေ့ ဗလန်ဒါ နဲ့ မွှေလိုက်တယ်။ ပဲဟင်းဆို ပဲမကျေရင် သူမက မကြိုက်လို့ မွှေလိုက်တာ။ ပဲကုလားဟင်းချက်ဖို့ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ထောင်းထားတာကို ဆီသတ် ၊ ပြီးရင် ကြိတ်ထားတဲ့ ကုလားပဲတွေ ထည့် ၊ အာလူးထည့် ရေများများထည့်ပြီး ကုလားပဲ နဲ့ အာလူး နပ်အောင် တည်ထားပါတယ်။ (သူမကတော့ ဒီနိုင်ငံက အာလူးကို ကမ္ဘာအာလူး လို့ နံမည်ပေးထားတယ်။ ချက်ရတာ အရမ်းကြာလို့ လေ :p)။ ရပြီဆို ရုံပတီသီး ၊ ခရမ်းသီး ၊ ပဲတောင့်ရှည် ၊ ခုဏကြော်တုန်းက ငရုတ်သီး မထည့်ခင် ဖယ်ထားတဲ့ အာဗြဲခြောက် အနည်းငယ် ထည့်၊ ဟင်းအိုး ကျတ်ခါနီးလောက်ကျ ပျင်းတော်သိမ် နဲ့ ကုလားလေး မဆလာ ထည့်အုပ်ပြီး စားလို့ ရပြီနော်။ ရှလွတ် ရှလွတ်




ပိတ်ရက်တုန်းက wet market သွားတော့ ထူးထူးခြားခြား ကျင်းမှိုတွေ တွေ့ တာနဲ့ တဗန်း ဝယ်လာပြီး ကန်စွန်းရွက် ၊ ငရုတ်သီး များများ နဲ့  အရည်သောက် သဘောမျိုးလေး ချက်စားဖြစ်တယ်။ 


ဆူးပုပ်ကြီးနဲ့ ကြက်ဥကြော် ။ သူမတော့ အနံ အရမ်းပျင်းတာ တွေ ချက်စားဖြစ်ခဲတယ်။  ဒါလည်း ဈေးသွား တဲ့  နေ့ တုန်းက ဆူးပုတ် တွေ့ တာနဲ့ ၃ စည်း ဝယ်လာပြီး ကြက်ဥ နဲ့ ကြော်စားတယ်လေ။ အိမ်မှာ ဆိုရင်တော့ ဆူးပုတ်ညွှန့် လေးတွေ ချည်း ကြော်စားလို့ ရပေမယ့် ဒီမှာတော့ အရမ်းကြမ်းတဲ့ အရွက်ကို ဖယ်ပြီး ကြော်တာတောင် ၃ စည်းမှ တစ်ပွဲစာပဲ ရတယ်လေ။ 


ငပိရည်လည်း ကြိုက်တယ်။ ကြိုရင် အိမ်နံမှာလည်း စိုးရင် ဒီနည်းလေး လုပ်စားကြည့်နော်။ ဒီနိုင်ငံမှာတော့ ဆိုင်တိုင်းမှာ တို့ စရာနဲ့ တွဲရောင်းတယ်။ တရုတ်ဆိုင်ဆိုရင်တော့ တို့ စရာ မပါပေမယ့် ဒီငပိဖျော်က ရတယ်လေ။ 
လိုအပ်တာကတော့ -

  • ငရုတ်သီးစိမ်း ၊ နီ (အရောင်လှအောင် နှစ်မျိုးရောဖို့ ပါ)
  • ငပိ
  • ရေ အနည်းငယ်
  • သံပုရာသီး
ငပိစိမ်းစားကို မဖုတ်ဘဲ ဒယ်အိုး ထဲထည့် ပြီးလှော် ပါတယ်။ ရရင် ဆယ်ယူပြီး ဘလန်ဒါထဲ ထည့်ကာ အားလုံး ရောမွှေပါတယ်။
ပြီးရင် သံပုရာရည် ရွှဲရွဲညှစ်၊ ဟင်းခတ်မှုန့်  (အရသာကောင်းအောင်) နည်းနည်း ထည့်ကာ  တို့ စရာနဲ့  တွဲဖက် သုံးဆောင်နိုင်ပါဘီရှင်။ 


  
မိတ်ဆွေ အပေါင်း စိတ်နှုလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ :)

17 Apr 2012

နှစ်ကူး ဗယာကြော်

နှစ်ဆန်းတစ်ရက်နေ့ မှာ ဘေးဘယာတွေ ကြော်သွားစေဖို့ အတွက် ဗယာကြော် စားသွားကြပါအုန်းရှင် ။ ဒီမနက် ထကြော်တာဆိုတော့ အလုပ်ချိန်ကလည်းနီး  မျက်ကလူးဆံပြာနဲ့ ကြော်ရ ရိုက်ရနဲ့ ဟိ ဝိုင်းဝိုင်းတစ်မျိုး ရှည်ရှည်တစ်မျိုး ပုံစံအမျိုးမျိုး နဲ့ သူမရဲ့ ဗယာကြော်ပါ။ မဆလာနံ့ မွှေးမွှေးလေး နဲ့ အရသာတော့ အလွန်ကောင်းပါတယ်။ :)))



နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင် ။

12 Apr 2012

လုံးကြမယ်ဟေ့ ကောင်းကောင်း

အတာသင်္ကြန်ကာလမှာ သူမလည်း မုံ့ လုံးလေးတွေ လုံးမယ်နော်။ မုံ့ လုံးရေပေါ် လုပ်ဖို့ အတွက် လိုအပ်တာကတော့ -
  • ကောက်ညှင်းမှုန့် 
  • ဆန်မှုန့် 
  • ထန်းလျှက်
  • အုန်းသီးဆံ
ကောက်ညှင်း ၅၀၀ ဂရမ် အထုပ်သေး တဝက် ကို ဆန်မှုန့် rice cooker ခွက်ကြီး နဲ့ ၁ ခွက် ရောပါတယ် (မုန့် သားမာတာ ကြိုက်ရင်တော့ ဆန်မှုန့် ပိုထည့်ပေါ့နော် )။ သူမက မုန့် သားပျော့တာ ကြိုက်လို့ ကောက်ညှင်းပိုထည့်ပါတယ်။ မုန့် သားတွေ နယ်ပြီးပြီဆို လက်ပေါ်တင် မုံးလုံးလုံးပြီး စိပ်ထားတဲ့ ထန်းလျှက်တွေ ဌာပနာခါ ရေနွေး ဆူဆူထဲ ထည့်လိုက်ရုံပါပဲ ။ မုန့် လုံးလေးတွေ ကျတ်ပြီဆို ရေပေါ် ပေါ်လာရင် ဆယ်ယူပြီး ရေအေးထဲထည့်ပါ။ ပြီးရင် စားမယ့် ပန်းကန်ထဲဆယ်၊ အုန်းသီးဆံဖြူးကာ အတာတကူးမှာ ပျော်ရွှင်စွာ သုံးဆောင်နိုင်ပါဘီရှင် :D




သူမ၏ ဘလော့ဂ်လေးကို လင့်ချိတ်ပေးကြတဲ့ စီနီယာ ၊ ဂျူနီယာ အစ်ကို အစ်မများ နဲ့ မောင်ငယ် ညီမငယ်များ ၊ အချိန်ပေးပြီး လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ရှင်။

နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး စိတ်ချမ်းသာမှု အပေါင်း နဲ့ ပြည့်စုံကြပါစေ။