စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

24 Jun 2012

စားကြမယ့်ဟေ့ကောင်းကောင်း -၂၂

ဒီတခါတော့ မရိုးမဆန်းဖြစ်တဲ့  ခါကြက်ဥသုတ်(ပတ္တာမြားသုတ်) စားကြရအောင်နော် ။ ခါကြက်ဥသုတ်ဖို့ အတွက် လိုအပ်တာကတော့ -
  • ခါကြက်ဥ နှစ်လုံး
  • ရှောက်ရွက် နှစ်ရွက်
  • ပုဇွန်ခြောက် အနည်းငယ်
  • ငရုတ်သီးစိမ်းတစ်တောင့် (အစပ်ကြိုက်ရင် ထည့်ပါ)
  • သံပုရာသီး
  • ကြက်သွန်ကြော်
  • ပဲမှုန့်  ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ ဆီအနည်းငယ်
ခါကြက်ဥ အပေါ်လွှာကို ဖယ် ရေးစင်စင်ဆေးပြီး ခြစ်နဲ့ ခြစ်ပါ။ ရှောက်ရွက် ၊ ငရုတ်သီး ပါးပါးလှီး ထားတာကို ထည့်၊ ပဲမှုန့် ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ ဆီ ၊ ပုဇွန်ခြောက် အနည်းငယ်ထည့် ၊ နယ်ခါနီး သံပုရာသီးလေးညှစ်ကာ ချဉ်ငံစပ်သုတ်ပြီး ကြက်သွန်ကြော်ဖြူး ရေနွေးကြမ်းလေး ငှဲပြီး အပျင်းပြေ သုံးဆောင်နိုင်ပါပြီနော် ..


တီလားပီးယားကြော်။ တီလားပီးယား အနံ့ ကို သိပ်မကြိုက်လို့ မစားဖြစ်တာ များတယ်။ သူမစိတ်ထဲတော့ ဘဲချေးနံ့ ရသလိုပဲ ။ တခြားမှာတော့ ဘယ်လို မွေးတယ် မသိဘူး ။ သူမတွေ့ ဖူးတာတော့ အမှတ် ၃ အမြန် လမ်းမတွေ ပေါ်မှာ တီလားပီးယားကန် အပေါ်မှာ ဘဲခြံတွေ ဆောက်ပြီး မွေးတာ တွေ့ ဖူးတာပဲ ။