စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Oct 2012

စားကြမယ်ဟေ့ကောင်းကောင်း - ၂၇

မင်္ဂလာပါရှင် .. ဒီနေ့ တော့ သူမရဲ့ လက်ရာ tahu penyet ချက်မယ်နော် ။ tahu penyet ကို တစ်ချို့ က အစာပြေ စားသလို  တစ်ချို့ ကျလည်း ထမင်းနဲ့ စားကြတယ်ရှင့် ။ ချက်ပြီးရင်တော့ မိတ်ဆွေ တို့ စိတ်ကြိုက် သုံးဆောင်ပါနော် ။
tahu penyet ချက်ဖို့ အတွက် အဓိကတော့ ပဲပြား နဲ့ တွဲဖက်စားသုံးတဲ့ sambal terasi (ငပိချက်) ပါ ။ စချက်မယ်နော် :)
 အရင်ဆုံးပဲပြားကို ရေဆေး လေးစိပ်စိပ်ပြီး ဆား၊ ဟင်းခတ်မှုန့်  နယ်ထားပါတယ်။ 

sambal terasi ချက်ဖို့ အတွက် ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်သီး ၊ ငါးပိ ၊ ခရမ်းချဉ်သီး ၊ သကြား ၊ ဟင်းခတ်မှုန့် ပါ။ အရင်ဆုံး ကြက်သွန်ဖြူ ၊ နီ ကို အလုံးလိုက် နွမ်းသွားအောင် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ငရုတ်သီး ကြော် ၊ ခရမ်းချဉ်သီး လှီးထားတာ နွမ်းရုံလောက် ကြော်ပြီး ငပိကြော်ပါတယ်။ အားလုံးကြော်ပြီးသွားရင် ငရုတ်ဆုံထဲ ထည့် သကြား အနည်းငယ်ထည့်ကာ  ချေပါတယ်။ ချေပြီးသွားရင် အပေါ့ ၊ အငံ မြည်းပြီး tahu နဲ့ တွဲဖက်စားနိုင်ပါပြီ။
(tahu နဲ့ တွဲစားမှာ ဖြစ်တဲ့ အတွက် စပ်လေ ကောင်းလေပါပဲ။ တို့ စရာ အစုံ အလင်နဲ့ တွဲဖက်လည်း စားနိုင်ပါတယ် )

tahu penyet ပါ။ စပ်စပ်လေးနဲ့ အရမ်းကို စားလို့ ကောင်းပါတယ်။ သခွားသီးလေး ရှိရင် ထည့်ပါ။ သူမ ဝယ်ထားတာ မရှိလို့ မထည့်လိုက်ရဘူး။

အလုပ်လေး ပိတ်တုန်း မုန့် ဟင်းခါး မော်ဒီဖိုင်း ချက်ပါတယ်။ ကြုံတုန်းလေး အားပေးသွားပါအုန်းနော် :D