စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
7 Dec 2011
ဆိုတေး , ရှင်ဖုန်း
mp3 - ငါ့အနား - ဆိုတေး
mp3 - နွေခုံတန်းလေး - ရှင်ဖုန်း
1 Dec 2011
Sweet December
l
အချစ်ရဲ့ အရိပ် - ဆုပြည့်မှူးအိမ်
အချစ်ဆိုတာ အဓိပ္ပါယ်တွေ များစွာ 
တကယ် တမ်းတွေ့ ကြံလာတဲ့အခါ ဘဝမှာ
ကြေကွဲဝမ်းနည်းခြင်းတွေ ကြုံမလား
မင်းရင်မှာ မြှုပ်နှံလိုက်ပြီးကွာ
ကြယ်လေးများကို ရေတွက်ချင်တာ
ချန်ထားရစ်ခဲ့လိုက်ပြီ အတိတ်များ
နေ့ သစ်တိုင်းမှာ နင်ဟာသံစဉ်ပါ
မနက်ခင်းတိုင်းမှာ နင်ဟာနေခြည်ပါ
ဘဝရဲ့ လမ်းပေါ်လျှောက်လှမ်းရင်း နေ့ သစ်များစွာကို
ငါ့ဘဝလေးထဲ နင်ဝင်လာတဲ့ အချိန်
မေ့ပျောက်သွားခဲ့ နာကျင်စရာ အတိတ်နေ့ 
အမုန်းနေ့ ရက်များစွား ကွယ်ပျောက်သွား မင်းရဲ့ လက်မှာပါ
မင်းရဲ့ အချစ်က ကယ်တင်နိုင်ခဲ့တာ
အခုမှ ငါ့ဘဝရှင်သန်လာခဲ့ရာ
အမြဲတမ်းနားမှာ ရှိနေချင် မင်းအရိပ်မှာပါ
အချစ်ဆိုတာ ဆန်းကြယ်နိုင်လွန်းတာ
ခံစားမှုနဲ့ ယှဉ်တဲ့အခါ အချစ်ဟာ
တကယ်တမ်းလက်တွေ့ ဘဝမှာ မလွယ်ပါ
ဟေ့ နင်ဟာ ငါ့အတွက် ခွန်အားပါ
အနာဂတ်နေ့ ရက် အိမ်မက်တွေလည်း
နှစ်ယောက်သိမ်းပိုက်ကြမယ်အတူကွာ
နေ့ သစ်တိုင်းမှာ နင်ဟာသံစဉ်ပါ
မနက်ခင်းတိုင်းမှာ နင်ဟာနေခြည်ပါ
ဘဝရဲ့ လမ်းပေါ်လျှောက်လှမ်းရင်း နေ့ သစ်များစွာကို
ငါ့ဘဝလေးထဲ နင်ဝင်လာတဲ့ အချိန်
မေ့ပျောက်သွားခဲ့ နာကျင်စရာ အတိတ်နေ့ 
အမုန်းနေ့ ရက်များစွား ကွယ်ပျောက်သွား မင်းရဲ့ လက်မှာပါ
မင်းရဲ့ အချစ်က ကယ်တင်နိုင်ခဲ့တာ
အခုမှ ငါ့ဘဝရှင်သန်လာခဲ့ရာ
အမြဲတမ်းနားမှာ ရှိနေချင် မင်းအရိပ်မှာပါ
28 Nov 2011
စားကြမယ်ဟေ့ ကောင်းကောင်း - ၉
နှစ်တစ်နှစ်ရဲ့ နောက်ပိုင်းလတွေမှာ ပိတ်ရက်တွေ တော်တော်များတယ်။ နိုင်ဝင်ဘာလ ၂၆ ၊ ၂၇ ၊ ၂၈ ကို ပိတ်ရက်ရတယ်။ ပိတ်ရက်လေးရတုန်း စိတ်အေးလက်အေး နားချင်တာရယ် သူမအကြိုက် ရှမ်းခေါက်ဆွဲ လုပ်စားချင်တာရယ်ကြောင့် ရှမ်းတစ်ထုပ် ပြေးဝယ်ပြီးတော့ ရေစိမ်ထား ၊ ကြက်သားကို ဟင်းခတ်မှုန့် ၊ ဆား နယ်ပြီး ရေနဲ့  ပြုတ်ထားပြီး ရရင် ဟင်းချက်ရအောင် ကြက်သားဆယ်ပြီး အမျှင်လေးတွေ ဖြစ်အောင်နွှာ ၊ ပြီးတော့ ခရမ်းချဉ်သီးနဲ့ ကြက်သားဟင်းချက် ၊ ဆီချက် ကြက်သွန်ဖြူ များများ နဲ့ ချက် (ကြက်သွန်ဖြူက ပိတ်ရက်မှ စားလို့ အဆင် ပြေတယ်) ၊ မြေပဲလှော်လေး ထောင်းထားပြီး ၊ ကြက်သွန်မြိတ်ပါးပါးလှီး ။ အားလုံးစုံပြီဆိုရင်
မုန့် ဖတ် ဆန်ခေါက်ဆွဲဖတ်ထည့် ၊
ကြက်သားဟင်း၊
ဆီချက် ကြက်သွန်ဖြူဖတ် များများလေးထည့်
ငံပြာရည် ၊ ကြက်သားမှုန့် 
ပဲငံပြာရည် (ကြာညို့ )
ငရုတ်သီးလှော်ထောင်း
မြေပဲလှော်ထောင်း
ကြက်သွန်မြိတ်ထည့်ပြီး 
ကြက်သွန်ချဉ်လေးနဲ့ တွဲစားလို့ ရပြီလေ။ (မုန့် ညှင်းချဉ်က ကုန်နေလို့ )
မုန့် ညှင်းချဉ် အစားထိုး  ကြက်သွန်ချဉ်
ဒါက နေ့ လည် ပိုင်း ဝတ္တုဖတ်ရင်းနဲ့ စားဖို့ လ္ဘက်သုတ် နဲ့ ရေနွေးချမ်း
နောက်နေ့ ကျ ဝက်ကုန်းဘောင် ကြော်စားတယ်။
ပါဝင်ပစ္စည်းကတော့ 
ခါကြက်ဥ ၊ ကြက်သွန် ၊ ဝက်သား ၊ ငရုတ်သီးခြောက် ၊ တရုတ်ပဲငပိ ။
14 Nov 2011
L'OREAL & DKNY
L'OREAL ချစ်သူတွေ အတွက် L'OREAL White Perfect Pearl Range တစ်စုံ ဝယ်ရင် White Perfect Facial Foam လက်ဆောင်ပေးတယ် ။ DKNY လည်း ထို နည်း၎င်း ၊ ဗူးကြီး တစ်ဗူး ဝယ်ရင် ပရိုရှင်း အနေနဲ့ ဗူးသေးရယ် ၊ Body Lotion တစ်ဗူးရယ် လက်ဆောင် ရတယ်။ အရင်တုန်းက သူမက ပန်းရောင် သုံးနေကျ ကနေ အစိမ်းပြောင်းဝယ်တာ ပန်းရောင်လောက် အနံ မကြိုက်လှဘူး။ Body Lotion ကတော့ အရင်တုန်းက ဒီတံဆိတ် တခါမှ မသုံးဖူးဘူး။ အနံကို အရမ်းကြိုက်တယ်။
L'OREAL ဈေးလည်း နည်းနည်း ချထားတယ်။ ကိုယ့်သုံးနေကျ ကုဒ်ပါရင်တော့ သွားဝယ်ထားအုန်းနော် :)))))
29 Oct 2011
Fav Book
သံယောဇဉ်အဖွဲ့ စာအုပ်ထဲမှာ ကျောင်းသူတွေရဲ့ လစ်ကို သိချင်ရင် စာရင်းသေချာပြုစုထားတဲ့ ကျောင်းသားကို အဖြူတစ်လုံး ပေးရတယ်ဆိုတာ ဖတ်ပြီး ရယ်မိသေး ။ သူမတို့ ကျောင်းတုန်းကလည်း အဲဒီကျောင်းသားက မြိုင်ကထင်တယ်။ မြို့ နံမည်က မေ့တေ့တေ့နဲ့ ။ ကျောင်းသူ အသစ်ဘယ်ရောက်လဲ သိချင်ရင် သူသာမေး။ ကုတင်နံပတ်က အစ အပိုဆောင်းလေးပါ မှန်အောင် ပြောလိုက်နိုင်တာ။ အဲ့ ထမင်းတစ်နပ်စာတော့ ပြုစုရတာပေါ့ :)))
ဆရာဇဝန ရဲ့  'ကောလိပ်ဂျပိုး ' စာအုပ်လည်း သိပ်ကောင်းတယ်။ ဒင်နာ မအေးစိန် နဲ့ သွားစားတဲ့ အခန်း ၊ကျောင်းတွေ ပိတ်ခါနီးလို့ နှုတ်ဆက်ညစာစားပွဲ အငြိမ့် အခန်းဆို သိပ်ရီရတာ။ အငြိမ့်မင်းသမီးက ကော်လိပ်ကျောင်းသားတွေကို ရှက်ကိုးရှက်ကန်းဖြစ်ပြီး ခေါ်ရင်လည်း ပြန်မထူးဘဲနေတော့ ဇာတ်လိုက်ကျော် သိန်းဖေက စိတ်ခပ်ရှုပ်ရှုပ်နဲ့ " ကဲ .. တစ်ခါခေါ်လည်းမကြား၊ နှစ်ခါခေါ်လည်းမကြား၊ အိုဗျ .. ဘယာကြော်ကုလား ... " ဟု အသံကုန် အော်လိုက်တဲ့ အခန်းဆို ဖတ်ရင်းအူတက်အောင်တောင် ရယ်ရတာ။
ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် ...  ဒီစာအုပ်လေးကတော့ burmeseclassic မှာ ရှိလို့ ဒေါင်းပြီးဖတ်လို့ ရတယ်။ သူမကတော့ ကြိုက်လွန်းလို့ ဒေါင်းပြီး ဖတ်တဲ့အပြင် စာအုပ်လေး လူကြုံရှိလို့ မှာထားသေးတယ်လေ။
21 Oct 2011
စားကြမယ်ဟေ့ ကောင်းကောင်း - ၈
ဒီနေ့ အလှည့်ကျတာကတော့ ငါးဟင်း နဲ့  ကန်စွန်းရွက်ကြော် ၊ ပဲနီလေးဟင်းချို ။ ဈေးကနေ ငါးတန် ဗိုက်သား ဝယ်လာပြီး  တစ်ယောက်စာအတွက် နှစ်တုံးချန်ပြီး ၊ ငါးဟင်းအနှစ်အတွက် kari ikan အနှစ်ထုပ် လက်ကျန် အကုန်ထည့်ပြီး ချက် ၊ ချခါနီး ငရုတ်သီး နဲ့  ကြက်သွန်မိတ်လေးအုပ် (နံနံပင် ကုန်နေလို့ ) ၊ ငပိနဲ့ ကန်စွန်းရွက်ကြော် ကြော် ၊ ဟင်းချိုက ပဲနီလေး ဟင်းချို ၊ စား လို့  ကောင်း တယ် ။ စိတ်တော့ သိပ်မပျော်ဘူး။ ဘာလို့ လဲဆိုတော့ ငါး အဲဒီလို အရွယ် ငါးတုံးထဲကို ၁၀ ကျော်တောင် ပေးခဲ့ရတယ်။ ဆိုင်သစ်မှာ သွားဝယ်တော့ ရိတ်လိုက်တာလား မသိ ။ ဒီဘလောကလည်း ဘာဖြစ်တယ် မတိဘူး။ ကန်စွန်းရွက် နဲ့ ပဲနီလေး ပုံ စောင်းနေတယ်။လုပ်လို့ လည်း မရဘူး။ စိတ်ရှုပ်တာ ၊ ဖျက်ပစ်တာ အေးတယ်။ :(
20 Oct 2011
မှတ်စရာ တိုတိုထွာထွာ
သူမ သိထားတာလေးတွေ မျှဝေချင်လို့ ပါနော်...
ဝမ်းတစ်လုံး မကောင်းလို့ ခေါင်းခဲနေရင် ။ မနက်အိပ်ရာနိုးနိုးခြင်း သွားမတိုက် ၊ မျက်နှာမသစ်ခင် ရေဖန်ခွက် တစ်ခွက်ပြည့်ပြည့်သောက်လိုက်ပါ။ ကိုယ်က ဝမ်းအရမ်းခိုင်တဲ့သူ ဆိုရင်တော့ နှစ်ခွက်လောက် သောက်ပေါ့။ စသောက်သောက်ခြင်းတော့ စိတ်ထဲ တစ်မျိုးကြီးရယ်။ နောက်တော့ အဆင်ပြေသွားမှာပါ။ ( ရေခဲရေ မဟုတ်ဘူးနော် ) ဒီနည်းက ငွေလည်းမကုန်သလို ၊ ဝမ်းပျော့ဆေးတွေ မသုံးရလို့ ဘေးဥပဒ်လည်း ကင်းတယ်လေ။
အပူတွေ ကင်းအောင် ရေချိုးရင် ဒူးအောက်ကို ရေ အရင် လောင်းချိုးပါနော်။ အပူက အေးတဲ့ နေရာကို စုသွားတာ ဆိုတော့ လေ။ ရေမချိုးဘဲ မျက်နှာပဲ သစ်မယ်ဆိုရင်လည်း ဒူးအောက်ပိုင်းကို ရေလောင်း ၊ ပြီးရင် ချိုင်းကြားကို ရေပတ်တိုက်ပြီးမှ မျက်နှာသစ်ပါနော်။ ဒါဆို အပူတွေ မျက်နှာဆီ မလာတော့ဘဲ ဝက်ခြံလည်း ကင်းတာပေါ့။
မိမိအိမ်မှာ ငါးတွေ ဝယ်ထားပြီးမှ မီးပျက်တာတို့ ဖရီဇာ ပျက်နေတာတို့  ဖြစ်လို့ ငါးပုတ်မှာ ဆိုပြီး စိတ်ညစ်နေရင် ငါးပါးဟပ်ထဲကို မန်ကျည်းသီး နည်းနည်း (သို့ ) များများ (အကောင် အကြီး၊အသေး ပေါ် မူတည်ပြီး) ထည့်ထားပါနော်။ ဒါဆို ငါးက ရေခဲရိုက်ထားသလို အထားခံပါတယ်။
မီးဖိုချောင်မှာ သုံးတဲ့ လက်နှီးစုတ်က ဆီတွေပေပြီး ညစ်ပတ်နေလား ။ ဆီတွေပေနေတဲ့ လက်နှီးစုတ်ထည့် ၊ ဆပ်ပြာမှုန့် ထည့် ၊ ရေထည့်ပြီး မီးဖိုပေါ် မှာ ခဏပြုတ်ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ ဆေးပြီး ပြန်လျှော်လိုက်တဲ့ အခါမှာ စွန်းနေတဲ့ ဆီတွေလည်း ပျောက်ပြီး လက်နှီးစုတ်က အသစ်လေးလို ဖြစ်သွားတာပေါ့ :)
Image from google
29 Sept 2011
Egg Mask Facial
ယူကျူမှာ ပြထားတဲ့ ဒီနည်းလေးက လုပ်ရတာ လွယ်သလို မျက်နှာကိုလည်း အသားအရေ တင်းတင်းရင်းရင်း ဖြစ်စေတယ်လေ။
ပုံထဲမှာတော့ မျက်နှာ တစ်ပြင်လုံး လိမ်းပေမယ့် သူမ ကတော့ ဆားဝက်ခြံရှိတဲ့ နှာခေါင်း နေရာကို cotton pad လေးကို ကြက်ဥထဲ နှစ်ပြီး  နှာခေါင်းပေါ်မှာ အုပ်ထားတယ် ။ ဒါမမဟုတ် ဆားဝက်ခြံရှိတဲ့ နေရာကို များများလေး ပုံထားလိုက်တယ်။ ပြီးရင် ရေနွေးနွေးလေး နဲ့ မျက်နှာသစ်လိုက်ရင်  ဆားဝက်ခြံ ရှိတဲ့ နေရာလည်း ပြောင်ချောချော နဲ့  မျက်နှာမှာလည်း တင်းတင်းရင်းရင်း နဲ့ ထူးခြားမှု ရှိတဲ့ ခံစားမှုကို ရမှာပါနော် :)))))
l
Tomato Scrub ကတော့ စမ်းမကြည့်ရသေးဘူး ။ စမ်းကြည့်ချင် ကြည့်ရအောင် တင်ပေးတားတာပါ။
28 Sept 2011
Easy Black and White Nail Art
လူတစ်ကိုယ် အကြိုက်တစ်မျိုးတဲ့။ သူမက လက်သည်းတွေ ဆေးခြယ်ရတာ သဘောကျတယ်။
ပျိုမေတို့ ရဲ့ လက်သည်းလေးတွေ အလှဆင်ဖို့ အလွယ်ကူဆုံး လက်သည်းပုံဖော်နည်းလေးတွေ ရှာတင်ပေးတားတယ်နော် :)
 ဒါကတော့ ချစ်စရာ Kitty လေးပုံပေါ့ :D
အခုခေတ်မှာ လက်သည်းကို ပုံစံအမျိုးမျိုး ဒီဇိုင်းထွင် ဆိုးကြတာဆိုတော့ ပြန်ဖျက်တော့မယ်ဆိုရင်တော့ ရိုးရိုးလက်သည်း ဖျက်ဆေးမသုံးဘဲ Conditional ပါတဲ့ ဖျက်ဆေးလေးသုံးပြီး လက်သည်းတွေ ခြောက်သွေ့ ခြင်း ၊ အဝါရောင် ဖြစ်ခြင်း ၊ ဆတ်ခြင်း ၊ ကျိုးလွယ်ခြင်းတို့ ကို ကာကွယ်နိုင်ပါတယ် ။ လက်သည်းလေးတွေ အရည်အသွေးမြင့်အောင် ကာကွယ်ဖို့ အတွက် Conditional Nai Enamel Remover ကို ရှာဝယ် ကြစို့ နော် :))))))))))