စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

26 Jul 2013

စားကြမယ့်ဟေ့ ကောင်းကောင်း - ၃၂

ဒီနေ့ တော့ ကြက်ဥ ရိုးရိုးချက်ရတာ ရိုးနေတဲ့ အတွက် ကြက်ဥကို ပေါင်းပြီး ချက်စားဖြစ်ပါတယ်။ ကြက်ဥပေါင်း ဖို့ အတွက် ကြက်ဥကို ခေါက်ပြီး ဆား ၊ ဟင်းခတ်မှုန့် ထည့်ကာ ပေါင်းမယ့် ခွက်ထဲကို ကပ်မသွားအောင် ဆီနည်းနည်းသုတ်ပြီး ကြက်ဥ ခေါက်ထားတာတွေ ထည့်ပါ။ ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ။ ကြက်ဥတွေပွလာပြီဆို ပေါင်းထားတာ ရပါပြီ။ ဟင်းချက်ဖို့ အတွက် မိမိ စိတ်ကြိုက် အတုံးလေးများတုံးပါ။ ပြီးရင် ကြက်သွန်နီ/ဖြူ ထောင်းတာကို ဆီသတ် ကြက်ဥထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ထည့် ကာ မီးဖို ပေါ် ခဏလောက် ထားပြီးရင် အပေါ့ ၊ အငံ မြည့်းပြီး ချလို့ ရပါပြီ။ (ဆီများများနဲ့ ချက်ပါ။ ရေထည့်လိုက်ရင် ပွတတ နဲ့ စားမကောင်းဘူးလို့ ထင်ပါတယ်)

                                                 ကြက်ဥပေါင်းဖို့ ပြင်ထားတာပါ။
                                     
                                       ဟင်းမချက်ဘဲ ဒီတိုင်းစားလည်း ကောင်းပါတယ်။


                                                  ကြက်ဥပေါင်း ဟင်းရပါပြီနော် :)


ဈေးသွားတုန်း ခရု သင်ပြီးသားတွေ တွေ့ တာနဲ့ ပဲပင်ပေါက်ပါ တစ်ခါထည်း ဝယ်လာပြီး char kway teow လုပ်စားဖြစ်ပါတယ်။                         
    char kway teow  ကြော်နည်းကတော့ ဆီပူပူထဲကို နုတ်နုတ်စိပ်ထားတဲ့ ကြက်သွန်ဖြူထည့် ၊ ခရုထည့် ၊ မုန့် ဖတ်အပြားထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် ၊  ငရုတ်သီးကြော်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ။ ချခါနီးကျရင် ကြက်ဥ နဲ့  ပဲပင်ပေါက် ထည့်လိုက်ရုံပါပဲ ။   :P