စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

29 May 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၁

သူမတစ်ယောက်လည်း ပို့ စ်မတင်နိုင်ပဲ ပျောက်ချက်သားကောင်းနေတယ်လေ။ ဒီတခါ ထမင်းစားလို့ မြိန်တဲ့ ပူစပ်စပ် တုံယမ်း ဟင်းချိုချက်မယ်နော် ။

ပါဝင်ပစ္စည်းတွေကတော့ -
ပုဇွန်
ကင်းမွန် (သို့ ) ပြည်ကြီးငါး
မှို
ရှောက်ရွက်
စပလင်
ဂျင်း
ငရုတ်သီစိမ်း
သံပုရာသီး

ရေပွက်ပွက် ဆူထဲကို ရှောက်ရွက် ၊ စပလင် ၊ ဂျင်း ၊ ငရုတ်သီး ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ Tom yam paste ဇွန်းနဲ့ ၂ ဇွန့်း ထည့်ပါတယ်။ ပြီးရင် မှို  ၊ ကင်းမွန် ၊ ပုဇွန် တို့ အစဉ်လိုက်ထည့်ပြီး ပွက်ပွက်ဆူအောင် ထည်ထားပါတယ်။ ချခါနီးကို သံပုရာသီး တစ်စိပ်လောက်ကို အရည်ညှစ် ထည့်ပြီး ပူစပ်စပ် တုံယမ်းဟင်း သုံးဆောင်နိုင်ပါဘီ :D

အချောမကိုင်ရသေးတဲ့ ကိုပုဇွန် နဲ့ မကင်းမွန် .. (မကင်းမွန် မွန်လို့ ဘာလို့ ခေါ်လဲဆိုတော့ သူခမျာ တစ်ကောင်တည်းလေ။ ပုဇွန်တွေက များနေလို့  :p )


 



မိတ်ဆွေ အပေါင်း စိတ်နှုလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ :)

11 May 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၀

အလုပ်များသလိုလို နဲ့ ပိုစ့်တွေ မတက်နိုင် ၊ ဘာမှ မချက်နိုင်ဖြစ်နေပြီ။ တကယ်က မိုးအေးအေးနဲ့ ကွေးပြီး ဘာမှကို ချက်မစားဖြစ်တာလေ။ :p ပြီးတော့ အိမ်နားမှာ ဆိုင်သစ်လေး လာဖွင့်တာ ဈေးလည်းချို ၊ အရသာလည်း ကောင်းနဲ့ ဝယ်စားဖြစ်နေတယ်လေ။ ဒီနေ့ တော့ chinese style steam fish လေး ချက်မယ်နော် ။ ချက်ရတာလည်း လွယ်တယ်။ အင်ဂရီးဒန့် လည်း နည်းတယ်။ စားလို့ လည်း ကောင်းတယ်။
steam fish ချက်ဖို့ အတွက် လိုအပ်တာကတော့ -
  • ငါး (ကြိုက်နှစ်သက်ရာ ငါးတစ်မျိုး)
  • light soy sauce
  • ပြောင်းမှုန့် 
  • ဂျင်း
  •  နံနံပင်

ငါးကို ကြေးခွံခွာ ဗိုက်ဖောက် ရေးဆေးချပြီး မိမိကြိုက်နှစ်သက်သလို အရာပေးပါ။ ပြီးရင် ဆား ၊ ဟင်းခပ်မှုန့်  ပြောင်းမှုန့် နဲ့ ငါးတစ်ကောင်းလုံး နယ်ပေးပါ။ ပြီးရင် ဆီနည်းနည်းကိုလည်း ငါးတစ်ကောင်လုံးကို နေရာ အနှံ လူးပေးပါနော် ။ အားလုံးရပြီဆို ငါးကို မီးဖိုပေါ်တင်ပြီး ပေါင်းပေးပါ။
ငါးပေါင်းနေတုန်း Steam fish အတွက် sauce လုပ်ရအောင်နော်။
ရေနွေး အနည်းငယ် ပွက်ပွက်ဆူ အိုးထဲကို light soy sauce ကို ခွက်သေးတစ်ခွက် ထည့်ပြီး မီးဖိုပေါ်တင်ပြီး တည်ပါတယ်။ ပြီးရင် ပြောင်းမှုန့် အနည်းငယ် ဖျော်ထားတာကို ရောပြီး အပေါ့ ၊ အငန် မိမိ နှစ်သက်သလို ပြင်ပါ။
sauce လည်း ရယ်ဒီ ဖြစ်ြပီ ၊ ငါးပေါင်းလည်း ရပြီဆို ငါးပေါင်းပေါ်ကို ဂျင်းထပ်အုပ် sauce အရည် လောင်းချပြီး ၅ မိနစ်လောက် ထပ်ပေါင်းပြီး စားလို ရပြီနော်။



သူမရဲ့ ဘက်ထရီဒေါင်းသွားတာနဲ့ ပုံရိုက်မရလို့ တစ်ပုံကိုတော့ ဂူးဂဲလ်က ယူထားတယ်နော်။

27 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၉

ဒီတခါ nasi lemak ချက်မယ်နော်။ nasi lemak ချက်ဖို့ အတွက် လိုအပ်တာတွေကတော့-
  • ငရုတ်သီး အခြောက် (အရောင်လှအောင်)
  • ငရုတ်သီးစိမ်း (အစပ်အတွက်)
  • ကြက်သွန်နီ ၊ ဖြူ
  • ငနီတူခြောက် (သို့ ) ရခိုင်ခြောက်
  • မြေပဲ
  • ကြက်သား
  • သခွားသီး
  • ကြက်ဥ (သို့ ) ဘဲဥဆားငံ (ကြိုက်နှစ်သက်ရာ တစ်မျိုး)
 nasi lemak ချက်ဖို့ အနှစ်ရအောင် ချက်နည်းကတော့ ငရုတ်သီးခြောက် လက်နှစ်ဆုပ်စာလောက် ကို ရေနွေးဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ သုံးမွှာ၊ ကြက်သွန်နီ တစ်လုံး ၊ ငရုတ်သီးစိမ်းတောင့် (အစပ်ကြိုက်ရင် များများထည့်ပါ) လှီးထားတာတွေ အကုန်ပေါင်း ၊ ခုဏပြုတ်ထားတဲ့ ငရုတ်သီးခြောက်နဲ့ ရောပြီး ဘလန်ဒါ နဲ့ ကြိတ်ပေးပါ။

အဆင့်သင့်ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သား၊ ငနီတူခြောက်(dried anchovy fish) ကို အစဉ်လိုက် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ဘလန်ဒါနဲ့ ကြိတ်ထားတဲ့ ငရုတ်သီး အနှစ်ကို ကြော်ထားတဲ့ ဆီနဲ့ ပဲ ချက်လိုက်ပါ။
မြေပဲကတော့ အဆင်သင့်  ရှိလို့ ထပ်မကြော်တော့ဘူးနော်။ ကြက်ဥကတော့ ထမင်းအိုးချက်စဉ် တစ်ခါတည်း ထည့်ပြုတ်ထားပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ထမင်းပွဲပြင်ကာ စားသုံးနိုင်ပါပြီ။ တစ်ချို့ ကတော့ ထမင်းကို အုန်းနို့ နဲ့ ချက်ပါတယ်။ သူမတော့ ရိုးရိုးပဲ ချက်ပါတယ်။ ဘဲဥဆားငံလည်း မသုံးထားပါဘူး။ ငါးခြောက်ပါနေလို့ ။ မိတ်ဆွေ တို့ ကတော့ ကြိုက်နှစ်သက်သလို ချက်စားနိုင်ပါတယ်နော်။

ငရုတ်သီး ဟင်းအနှစ်က နောက်ရက်တွေ လည်း အထားခံပါတယ်။ မနက်ခင်းစာ အဖြစ် ကြာဇံကြော် ၊ ခေါက်ဆွဲကြော်နဲ့ လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

ရေနွေးဆူဆူနဲ့ ပြုတ်ထားတာပါ။
ဘလန်ဒါနဲ့ ခြေဖို့ အဆင့်သင့် လှီးထားတာပါ။

ငရုတ်နှစ်တွေ ရပါပြီနော် ။
nasi lemak is an extremely popular dish in m'sia