စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

20 Oct 2011

မှတ်စရာ တိုတိုထွာထွာ

သူမ သိထားတာလေးတွေ မျှဝေချင်လို့ ပါနော်...

ဝမ်းတစ်လုံး မကောင်းလို့ ခေါင်းခဲနေရင် ။ မနက်အိပ်ရာနိုးနိုးခြင်း သွားမတိုက် ၊ မျက်နှာမသစ်ခင် ရေဖန်ခွက် တစ်ခွက်ပြည့်ပြည့်သောက်လိုက်ပါ။ ကိုယ်က ဝမ်းအရမ်းခိုင်တဲ့သူ ဆိုရင်တော့ နှစ်ခွက်လောက် သောက်ပေါ့။ စသောက်သောက်ခြင်းတော့ စိတ်ထဲ တစ်မျိုးကြီးရယ်။ နောက်တော့ အဆင်ပြေသွားမှာပါ။ ( ရေခဲရေ မဟုတ်ဘူးနော် ) ဒီနည်းက ငွေလည်းမကုန်သလို ၊ ဝမ်းပျော့ဆေးတွေ မသုံးရလို့ ဘေးဥပဒ်လည်း ကင်းတယ်လေ။

အပူတွေ ကင်းအောင် ရေချိုးရင် ဒူးအောက်ကို ရေ အရင် လောင်းချိုးပါနော်။ အပူက အေးတဲ့ နေရာကို စုသွားတာ ဆိုတော့ လေ။ ရေမချိုးဘဲ မျက်နှာပဲ သစ်မယ်ဆိုရင်လည်း ဒူးအောက်ပိုင်းကို ရေလောင်း ၊ ပြီးရင် ချိုင်းကြားကို ရေပတ်တိုက်ပြီးမှ မျက်နှာသစ်ပါနော်။ ဒါဆို အပူတွေ မျက်နှာဆီ မလာတော့ဘဲ ဝက်ခြံလည်း ကင်းတာပေါ့။


မိမိအိမ်မှာ ငါးတွေ ဝယ်ထားပြီးမှ မီးပျက်တာတို့ ဖရီဇာ ပျက်နေတာတို့  ဖြစ်လို့ ငါးပုတ်မှာ ဆိုပြီး စိတ်ညစ်နေရင် ငါးပါးဟပ်ထဲကို မန်ကျည်းသီး နည်းနည်း (သို့ ) များများ (အကောင် အကြီး၊အသေး ပေါ် မူတည်ပြီး) ထည့်ထားပါနော်။ ဒါဆို ငါးက ရေခဲရိုက်ထားသလို အထားခံပါတယ်။

မီးဖိုချောင်မှာ သုံးတဲ့ လက်နှီးစုတ်က ဆီတွေပေပြီး ညစ်ပတ်နေလား ။ ဆီတွေပေနေတဲ့ လက်နှီးစုတ်ထည့် ၊ ဆပ်ပြာမှုန့် ထည့် ၊ ရေထည့်ပြီး မီးဖိုပေါ် မှာ ခဏပြုတ်ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ ဆေးပြီး ပြန်လျှော်လိုက်တဲ့ အခါမှာ စွန်းနေတဲ့ ဆီတွေလည်း ပျောက်ပြီး လက်နှီးစုတ်က အသစ်လေးလို ဖြစ်သွားတာပေါ့ :)


Image from google

9 Feb 2011

pomelo & orange

ကျွဲကောသီး

ကျွဲကောသီး ဝယ်မယ်ဆိုရင် အညှာရင်း တွင်းချိုင့်ကို ကြည့်ရှုပြီးမှဝယ်ပါ။ တွန့် ရှုံနေမယ်ဆိုရင် အချိန်မတိုင်မှီ ခူးတားတဲ့ အတွက် အမှည့်လိုနေလို့ အရသာ မကောင်းလှပါဘူး ။ ပြီးတော့ ကျွဲကောသီးကို လက်ထဲ မ,ကြည့်လိုက်လို့ လေးပင် စီးပိုးနေရင်တော့ အရည်ရွှမ်းပါတယ် ။ မ,ကြည့်လို့ ပေါ့နေရင်တော့ အရသာမရှိသလို အမြွှာလည်း နည်းတက်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီး ဝယ်မယ်ဆိုရင်လည်း မ,ကြည့်လိုက်တဲ့ အခါမှာ အခွံက အသားမှာ မကပ်ဘဲ ပွယောင်းယောင်း နဲ့ အညှာဘက်မှာ လည်း ရှုံတုံတုံ ဖြစ်နေရင် အရမ်းချိုပါတယ်။ မ,ကြည့်လိုက်လို့ အခွံက အသားမှာ ကပ်နေတယ် ၊ အညှာဘက်မှာလည်း ရှုံတုံတုံ ဖြစ်မနေရင် သေချာပေါက် ချဉ်တဲ့အသီးပါပဲ။