စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

9 Feb 2011

pomelo & orange

ကျွဲကောသီး

ကျွဲကောသီး ဝယ်မယ်ဆိုရင် အညှာရင်း တွင်းချိုင့်ကို ကြည့်ရှုပြီးမှဝယ်ပါ။ တွန့် ရှုံနေမယ်ဆိုရင် အချိန်မတိုင်မှီ ခူးတားတဲ့ အတွက် အမှည့်လိုနေလို့ အရသာ မကောင်းလှပါဘူး ။ ပြီးတော့ ကျွဲကောသီးကို လက်ထဲ မ,ကြည့်လိုက်လို့ လေးပင် စီးပိုးနေရင်တော့ အရည်ရွှမ်းပါတယ် ။ မ,ကြည့်လို့ ပေါ့နေရင်တော့ အရသာမရှိသလို အမြွှာလည်း နည်းတက်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီး ဝယ်မယ်ဆိုရင်လည်း မ,ကြည့်လိုက်တဲ့ အခါမှာ အခွံက အသားမှာ မကပ်ဘဲ ပွယောင်းယောင်း နဲ့ အညှာဘက်မှာ လည်း ရှုံတုံတုံ ဖြစ်နေရင် အရမ်းချိုပါတယ်။ မ,ကြည့်လိုက်လို့ အခွံက အသားမှာ ကပ်နေတယ် ၊ အညှာဘက်မှာလည်း ရှုံတုံတုံ ဖြစ်မနေရင် သေချာပေါက် ချဉ်တဲ့အသီးပါပဲ။