စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

14 Nov 2011

L'OREAL & DKNY

L'OREAL ချစ်သူတွေ အတွက် L'OREAL White Perfect Pearl Range တစ်စုံ ဝယ်ရင် White Perfect Facial Foam လက်ဆောင်ပေးတယ် ။ DKNY လည်း ထို နည်း၎င်း ၊ ဗူးကြီး တစ်ဗူး ဝယ်ရင် ပရိုရှင်း အနေနဲ့ ဗူးသေးရယ် ၊ Body Lotion တစ်ဗူးရယ် လက်ဆောင် ရတယ်။ အရင်တုန်းက သူမက ပန်းရောင် သုံးနေကျ ကနေ အစိမ်းပြောင်းဝယ်တာ ပန်းရောင်လောက် အနံ မကြိုက်လှဘူး။ Body Lotion ကတော့ အရင်တုန်းက ဒီတံဆိတ် တခါမှ မသုံးဖူးဘူး။ အနံကို အရမ်းကြိုက်တယ်။
L'OREAL ဈေးလည်း နည်းနည်း ချထားတယ်။ ကိုယ့်သုံးနေကျ ကုဒ်ပါရင်တော့ သွားဝယ်ထားအုန်းနော် :)))))




29 Sept 2011

Egg Mask Facial




ယူကျူမှာ ပြထားတဲ့ ဒီနည်းလေးက လုပ်ရတာ လွယ်သလို မျက်နှာကိုလည်း အသားအရေ တင်းတင်းရင်းရင်း ဖြစ်စေတယ်လေ။
ပုံထဲမှာတော့ မျက်နှာ တစ်ပြင်လုံး လိမ်းပေမယ့် သူမ ကတော့ ဆားဝက်ခြံရှိတဲ့ နှာခေါင်း နေရာကို cotton pad လေးကို ကြက်ဥထဲ နှစ်ပြီး  နှာခေါင်းပေါ်မှာ အုပ်ထားတယ် ။ ဒါမမဟုတ် ဆားဝက်ခြံရှိတဲ့ နေရာကို များများလေး ပုံထားလိုက်တယ်။ ပြီးရင် ရေနွေးနွေးလေး နဲ့ မျက်နှာသစ်လိုက်ရင်  ဆားဝက်ခြံ ရှိတဲ့ နေရာလည်း ပြောင်ချောချော နဲ့  မျက်နှာမှာလည်း တင်းတင်းရင်းရင်း နဲ့ ထူးခြားမှု ရှိတဲ့ ခံစားမှုကို ရမှာပါနော် :)))))

l
Tomato Scrub ကတော့ စမ်းမကြည့်ရသေးဘူး ။ စမ်းကြည့်ချင် ကြည့်ရအောင် တင်ပေးတားတာပါ။