စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Jul 2011

papaya, to fu , pork

သေဘာၤသီး 

သင်္ဘောသီးမှာ လိမ္မော်သီးတစ်လုံးထက် ဗီတာမင်စီ (၂)ဆ ရှိပါတယ်။ ဗီတာမင်စီ နည်းတဲ့ အမျိုးသမီးတွေမှာ သည်းခြေရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိထားပါတယ်. သင်္ဘောသီး အလတ်စား တစ်လုံးမှာ ဗီတာမင်စီဓာတ်(၁၈၈) မီလီဂရမ်လောက် ပါရှိပြီး ကီလိုဂျိုးလ်က (၅၀၀)လောက် ပါရှိတဲ့ အတွက် အားသစ်တွေ တိုးပွားပြီး လန်းဆန်းစေပါသတဲ့ ။ ဝမ်းသွားခြင်းကိုလည်း အထောက်အကူပြုလို့ သင်္ဘောသီး စားပေးပါ။

တို့ ဟူး

ပဲပိစပ် ၊ ပရိုတင်း များများပါတဲ့ အစာတွေက ကိုလက်စထရော ကိုနှိပ်ချစေပါတယ်။ ပြီးတော့ အရိုးတွေကိုလည်း တိုးတက်ခိုင်မာစေတယ်။ ပဲပိစပ်ထဲမှာပါတဲ့ ( Isoflavone) လို့ ခေါ်တဲ့ အပင်ဓာတုပစ္စည်းကြောင့် ဖြစ်နိုင်ပါတယ် ။ အထူသဖြင့် ကျောရိုး အတွက် အကျိုးဖြစ်ထွန်းသလို မီးယပ် ၊ သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ရဲ့ မျက်နှာ နဲ့ လည်ပင်းမှာ သွေးရောင်ဖြန်းပြီး ပူတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဝက်သား

တစ်လတစ်ခါ ဓမ္မတာပေါ်ခြင်းကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွေးအားနည်း ရောဂါ ပိုဖြစ်တက်ပါတယ်။ သွေးထဲမှာ သံဓာတ်နည်းခြင်းဟာလည်း အားကုန် နွမ်းနယ်စေပါတယ်။ သံဓာတ်ကောင်းကောင်းရလို သူများအတွက် ဝက်သားစားကြည့်ပါ။ ဝက်သားမှာ သံဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

29 Mar 2011

Backache

ခါးနာ ၊ ခါးကိုက်  ဝေဒနာ ခံစားနေရတယ်ဆိုရင် ..

၁) မှောက်လျက် အနေအထားတွင် လက်သီးဆုပ် ၊ တံတောင်ကွေး၍ လက်သီး ၊ လက်ဖျံ ၊ တံတောင်ဆစ်တို့ အား ကြမ်းပြင် နှင့် ထိကာ ခါးအထက်ပိုင်းအား မတင်ပါ။ ယင်း အနေအထား အတိုင်း (၄) ကြိမ် ၊ တစ်ကြိမ်တွင် အနည်းဆုံး (၅) မိနစ်ခန့် ကြာအောင် နေပါ။


၂) လက်ဝါးနှစ်ဖက်အား ဖြန့် ၍ ကြမ်းပြင်တွင် အပ်ကာ ခါးအထက်ပိုင်းကို မတင်ပါ။ လက်ကိုဆန့် ထားပါ။ ကိုယ်အထက်ပိုင်းကို ပြန်ချပါ။ ဖြည်းညင်းစွာ ပြုလုပ်ပါ။ တစ်နေ့ (၄) ကြိမ် ၊ တစ်ကြိမ်လျှင် (၂၀) ခေါက်မျှ ဆန့် တင်ပေးပါ။



၃) တင်ပျဉ်ခွေ ထိုင်ပါ ။ လက်ဖဝါး နှစ်ဖက်ကို နောက်ပစ်၍ ယှက်ထားပါ။ ခါးအထက်ပိုင်းအား ရှေ့ သို့ ဖြည်းညင်းစွာ ကိုင်းငုံပါ။ တစ်နေ့ (၄) ကြိမ် ၊ တစ်ကြိမ်လျှင် (၂၀)ခေါက် ပြုလုပ်ပါ။


WARRING : လေ့ကျင့်ခန်း ပြုလုပ်သော ရက်များအတွင်း ခါးကြောလိမ်ဆန့် ခြင်း ၊ ခါးကုန်းခြင်း ၊ အကြောလျှော့ခြင်း စသည့် ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။

တိုင်းရင်းဆေးဆရာ ဦးဝင်းမြင့်ဆောင်းပါးမှ ကူးယူဖော်ပြသည်။

29 Jan 2011

အဆီလျှော့ရအောင်

သွေးထဲမှာ ရှိနေတဲ့ အဆီဓာတ်ကို ထိန်းဖို့ အတွက် နေ့ စဉ် ကွေကာအုပ် (OatMeal ) သောက်ပေးရုံပါပဲ ။ ကွေကာအုပ်ဟာ နှလုံးအတွက် အသင့်တော်ဆုံးဖြစ်သလို ခန္ဒာကိုယ်တွင်းမှာ သွေးထဲကနေ ပိုနေတဲ့ အဆီဓာတ်တွေကို အစာအိမ်အူလမ်းကြောင်းကို ရောက်သွားတဲ့ ကွေကာအုပ်က စုပ်ယူပြီး အစာဟောင်းအိမ်ကနေ စွန့် ထုတ်ပေးတယ်လေ။

ဒါကြောင့် အဆီချလိုသူများ ကွေကာအုပ်ကို အချိုမပါဘဲ နေ့ စဉ်စားသုံးရင်း အဆီတွေ လျှော့နိုင်ပါတယ်။


အိပ်ရေးပျက်နေလား 

လုပ်ငန်းခွင်တာဝန်တွေ နဲ့ stress တွေ များနေလို့ ပဲ ဖြစ်ဖြစ် ၊  တွေးစရာတွေ များနေလို့ အိပ်မရဘူး ဖြစ်နေရင် ရေနွေး နဲ့  ရေ ချိုးပေး လိုက်ပါ ။ ရေနွေးကြောင့် ကျယ်ပွလာတဲ့ အရေပြားပေါ်က သွေးကြောကလေးတွေဆီ သွေးလှည့်လည် ရောက်သွားတဲ့ အခါ ဦးနှောက်ကို သွေးအပို့ နည်းသွားပါတယ်။ ဒီအချိန်မှာ အိပ်ချင်စိတ် ဖြစ်ပေါ်ပြီး အိပ်ချင်စေပါတယ်။ ကိုယ့်အိမ်မှာ ရနံ့ ပါတဲ့ အဆီ ရှိရင်လည်း ရေနွေးထဲကို ထည့်ပြီး ချိုးပေးပါ။ ရနံ့  ပါတဲ့ အဆီတွေက အကြောအခြင်တွေကို ပြေလျှော့တဲ့ သတ္တိတွေ ရှိလို့ ပါ။