စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Jul 2011

papaya, to fu , pork

သေဘာၤသီး 

သင်္ဘောသီးမှာ လိမ္မော်သီးတစ်လုံးထက် ဗီတာမင်စီ (၂)ဆ ရှိပါတယ်။ ဗီတာမင်စီ နည်းတဲ့ အမျိုးသမီးတွေမှာ သည်းခြေရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိထားပါတယ်. သင်္ဘောသီး အလတ်စား တစ်လုံးမှာ ဗီတာမင်စီဓာတ်(၁၈၈) မီလီဂရမ်လောက် ပါရှိပြီး ကီလိုဂျိုးလ်က (၅၀၀)လောက် ပါရှိတဲ့ အတွက် အားသစ်တွေ တိုးပွားပြီး လန်းဆန်းစေပါသတဲ့ ။ ဝမ်းသွားခြင်းကိုလည်း အထောက်အကူပြုလို့ သင်္ဘောသီး စားပေးပါ။

တို့ ဟူး

ပဲပိစပ် ၊ ပရိုတင်း များများပါတဲ့ အစာတွေက ကိုလက်စထရော ကိုနှိပ်ချစေပါတယ်။ ပြီးတော့ အရိုးတွေကိုလည်း တိုးတက်ခိုင်မာစေတယ်။ ပဲပိစပ်ထဲမှာပါတဲ့ ( Isoflavone) လို့ ခေါ်တဲ့ အပင်ဓာတုပစ္စည်းကြောင့် ဖြစ်နိုင်ပါတယ် ။ အထူသဖြင့် ကျောရိုး အတွက် အကျိုးဖြစ်ထွန်းသလို မီးယပ် ၊ သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ရဲ့ မျက်နှာ နဲ့ လည်ပင်းမှာ သွေးရောင်ဖြန်းပြီး ပူတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဝက်သား

တစ်လတစ်ခါ ဓမ္မတာပေါ်ခြင်းကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွေးအားနည်း ရောဂါ ပိုဖြစ်တက်ပါတယ်။ သွေးထဲမှာ သံဓာတ်နည်းခြင်းဟာလည်း အားကုန် နွမ်းနယ်စေပါတယ်။ သံဓာတ်ကောင်းကောင်းရလို သူများအတွက် ဝက်သားစားကြည့်ပါ။ ဝက်သားမှာ သံဓာတ်တွေ အများအပြား ပါဝင်ပါတယ်။