စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

24 Aug 2011

Kan Bawza Thar Di Palace At Bago

ဘုရင်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်


7 Aug 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၆

ဒီနေ့ ဟင်းလျာကတော့ ကြက်ခြောက်ကြော် နဲ့ မုန့် ညှင်းရွက်ကြော် ။ ကြက်ခြောက်ကြော်ဖို့  ကြက်ကို အနေတော် တုံးပြီး ကြက်သားမှုန့် ၊ ဆား ၊ ပဲငံပြာရည် (အနောက်) ထည့်ပြီး နှပ်ထားလိုက်တယ်။ ကြက်သားနှပ်ထားတုန်း ကြက်သွန်ဖြူထောင်း ၊ ကြက်သွန်နီ ပါးပါးလှီး ၊ ဂျင်းပါးပါးလှီး ၊ အားလုံး ပြင်ဆင်ပြီးရင် ကြက်သားကို ရေနဲ့ ပြုတ် ၊ နပ်လောက်ပြီဆို ဆီပူပူထဲ ထည့်ကြော် ၊ ရေနဲ့ ပြုတ်ပြီးမှ ကြော်တော့ မာတောက်တောက် မဖြစ်ဘဲ ပိုစားကောင်းတယ်။ ကြက်ကြော်ရပြီဆို ဆယ်ပြီး ကြက်သွန်နီင်္ နဲ့ ဂျင်း ရောပြီးကြော် ၊ ပြီးရင် ကြက်သွန်ဖြူကြော်ပြီး ကြက်ကြော်ပေါ်ကဖြူး ၊ ဒယ်အိုးထဲ ဆီများနေလို့ ဆီခပ်ထားပြီးမှ ငရုတ်သီးကြော် ၊ စားခါနီးရင် သံပုရာသီးလေး ညှစ် ၊  

မုန့် ညှင်းအစပ်ကြော်ဖို့ ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ငပိနည်းနည်း ၊ ငရုတ်သီး ၂ ထောင့် ထည့် ထောင်းပြီး ဆီသပ် ၊ ရရင် မုန့် ညှင်း ထည့်ကြော် ၊ အရည်ရအောင် ရေနည်းနည်း ကျန်ရင် ချပြီး စားဖို့ အဆင်သင့် ပဲလေ။
ကန်စွန်ရွက်လည်း အဲဒီနည်းနဲ့ ပဲ ကြော်စားရင် အရမ်းကောင်း။



ဒီတစ်ထုပ်ကို နှစ်ခါစားရတယ်။


ကြက်ခြောက်နဲ့ ဒါလေးနဲ့ တွဲလိုက်လို့ ကတော့ အဒူတွေ အတွက် ရှယ်လဲတော့ မသိ :PPPPPP