စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

28 Nov 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၉

နှစ်တစ်နှစ်ရဲ့ နောက်ပိုင်းလတွေမှာ ပိတ်ရက်တွေ တော်တော်များတယ်။ နိုင်ဝင်ဘာလ ၂၆ ၊ ၂၇ ၊ ၂၈ ကို ပိတ်ရက်ရတယ်။ ပိတ်ရက်လေးရတုန်း စိတ်အေးလက်အေး နားချင်တာရယ် သူမအကြိုက် ရှမ်းခေါက်ဆွဲ လုပ်စားချင်တာရယ်ကြောင့် ရှမ်းတစ်ထုပ် ပြေးဝယ်ပြီးတော့ ရေစိမ်ထား ၊ ကြက်သားကို ဟင်းခတ်မှုန့် ၊ ဆား နယ်ပြီး ရေနဲ့  ပြုတ်ထားပြီး ရရင် ဟင်းချက်ရအောင် ကြက်သားဆယ်ပြီး အမျှင်လေးတွေ ဖြစ်အောင်နွှာ ၊ ပြီးတော့ ခရမ်းချဉ်သီးနဲ့ ကြက်သားဟင်းချက် ၊ ဆီချက် ကြက်သွန်ဖြူ များများ နဲ့ ချက် (ကြက်သွန်ဖြူက ပိတ်ရက်မှ စားလို့ အဆင် ပြေတယ်) ၊ မြေပဲလှော်လေး ထောင်းထားပြီး ၊ ကြက်သွန်မြိတ်ပါးပါးလှီး ။ အားလုံးစုံပြီဆိုရင်
မုန့် ဖတ် ဆန်ခေါက်ဆွဲဖတ်ထည့် ၊
ကြက်သားဟင်း၊
ဆီချက် ကြက်သွန်ဖြူဖတ် များများလေးထည့်
ငံပြာရည် ၊ ကြက်သားမှုန့် 
ပဲငံပြာရည် (ကြာညို့ )
ငရုတ်သီးလှော်ထောင်း
မြေပဲလှော်ထောင်း
ကြက်သွန်မြိတ်ထည့်ပြီး 
ကြက်သွန်ချဉ်လေးနဲ့ တွဲစားလို့ ရပြီလေ။ (မုန့် ညှင်းချဉ်က ကုန်နေလို့ )



မုန့် ညှင်းချဉ် အစားထိုး  ကြက်သွန်ချဉ်


ဒါက နေ့ လည် ပိုင်း ဝတ္တုဖတ်ရင်းနဲ့ စားဖို့ လ္ဘက်သုတ် နဲ့ ရေနွေးချမ်း

နောက်နေ့ ကျ ဝက်ကုန်းဘောင် ကြော်စားတယ်။
ပါဝင်ပစ္စည်းကတော့ 
ခါကြက်ဥ ၊ ကြက်သွန် ၊ ဝက်သား ၊ ငရုတ်သီးခြောက် ၊ တရုတ်ပဲငပိ ။
 


14 Nov 2011

L'OREAL & DKNY

L'OREAL ချစ်သူတွေ အတွက် L'OREAL White Perfect Pearl Range တစ်စုံ ဝယ်ရင် White Perfect Facial Foam လက်ဆောင်ပေးတယ် ။ DKNY လည်း ထို နည်း၎င်း ၊ ဗူးကြီး တစ်ဗူး ဝယ်ရင် ပရိုရှင်း အနေနဲ့ ဗူးသေးရယ် ၊ Body Lotion တစ်ဗူးရယ် လက်ဆောင် ရတယ်။ အရင်တုန်းက သူမက ပန်းရောင် သုံးနေကျ ကနေ အစိမ်းပြောင်းဝယ်တာ ပန်းရောင်လောက် အနံ မကြိုက်လှဘူး။ Body Lotion ကတော့ အရင်တုန်းက ဒီတံဆိတ် တခါမှ မသုံးဖူးဘူး။ အနံကို အရမ်းကြိုက်တယ်။
L'OREAL ဈေးလည်း နည်းနည်း ချထားတယ်။ ကိုယ့်သုံးနေကျ ကုဒ်ပါရင်တော့ သွားဝယ်ထားအုန်းနော် :)))))