စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

9 Jul 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၂၃

ဒီနေ့ တော့ ဝက်သား နဲ့  သရက်သီးခြောက် ချက်မယ်နော် - ဟင်းမချက်မှီ နာရီဝက်လောက် ထဲက သရက်သီးခြောက် လက်တစ်ဆုပ် စာလောက်ကို ရေစိမ်ထားပါတယ်။

ဝက်သားအနေတော် တုံးပြီး ရေဆေး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် တို့ နဲ့ နယ်ပြီး ခဏ နှပ်ထားပါတယ်။
ပြီးရင် နှပ်ထားတဲ့ ဝက်သားအိုးထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း၊ ရေစိမ် ထားတဲ့ သရက်သီး ရော၊ ငပိနည်းနည်း ထည့် ၊ ဆီ အနည်းငယ်ထည့်ပြီး တည်ထားရုံပါပဲ။ ဟင်းအိုးကျတ်ရင် အပေါ့ ၊ လေး မြည်းပြီး စားသုံးနိုင်ပါပြီနော် ။


သရက်သီး အချဉ်အရသာက ဝက်အဆီတွေထဲထိ ဝင်ပြီး ခံတွင်းလည်းကောင်း ၊ ထမင်းစားလို့ လည်း မြိန်စေပါတယ်။ :)


ငါးရံ့ ခြောက်ကို ထမင်းနဲ့ နယ်စားလို့ ရအောင် အစိုကြော် ထားပါတယ်။ အလုပ်များတဲ့ ရက်တွေဆို ဟင်းမချက်နိုင်ရင် အလွယ်တကူ စားနိုင်အောင်ပေါ့။

ငါးရံ့ ခြောက်ကို နူးနေအောင် ပြုတ်ပြီး အသားတွေ နွှာ၊ ကြက်သွန်နီကို မခြောက်တခြောက်လေး ကြော် ၊ ချခါနီး ဟင်းခတ်မှုန့် နဲ့ ငရုတ်သီး (အကြမ်းဖတ်) အနည်းငယ် ထည့်ပြီးကြော်ပါတယ်။ အထားလည်းခံ စားလို့ လည်း ကောင်းပါတယ်။