စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

27 Apr 2012

စားကြမယ်ဟေ့ ကောင်းကောင်း - ၁၉

ဒီတခါ nasi lemak ချက်မယ်နော်။ nasi lemak ချက်ဖို့ အတွက် လိုအပ်တာတွေကတော့-
  • ငရုတ်သီး အခြောက် (အရောင်လှအောင်)
  • ငရုတ်သီးစိမ်း (အစပ်အတွက်)
  • ကြက်သွန်နီ ၊ ဖြူ
  • ငနီတူခြောက် (သို့ ) ရခိုင်ခြောက်
  • မြေပဲ
  • ကြက်သား
  • သခွားသီး
  • ကြက်ဥ (သို့ ) ဘဲဥဆားငံ (ကြိုက်နှစ်သက်ရာ တစ်မျိုး)
 nasi lemak ချက်ဖို့ အနှစ်ရအောင် ချက်နည်းကတော့ ငရုတ်သီးခြောက် လက်နှစ်ဆုပ်စာလောက် ကို ရေနွေးဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ သုံးမွှာ၊ ကြက်သွန်နီ တစ်လုံး ၊ ငရုတ်သီးစိမ်းတောင့် (အစပ်ကြိုက်ရင် များများထည့်ပါ) လှီးထားတာတွေ အကုန်ပေါင်း ၊ ခုဏပြုတ်ထားတဲ့ ငရုတ်သီးခြောက်နဲ့ ရောပြီး ဘလန်ဒါ နဲ့ ကြိတ်ပေးပါ။

အဆင့်သင့်ဖြစ်ပြီဆို မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သား၊ ငနီတူခြောက်(dried anchovy fish) ကို အစဉ်လိုက် ကြော်ပြီး ဆယ်ထားပါ။ ပြီးရင် ဘလန်ဒါနဲ့ ကြိတ်ထားတဲ့ ငရုတ်သီး အနှစ်ကို ကြော်ထားတဲ့ ဆီနဲ့ ပဲ ချက်လိုက်ပါ။
မြေပဲကတော့ အဆင်သင့်  ရှိလို့ ထပ်မကြော်တော့ဘူးနော်။ ကြက်ဥကတော့ ထမင်းအိုးချက်စဉ် တစ်ခါတည်း ထည့်ပြုတ်ထားပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ထမင်းပွဲပြင်ကာ စားသုံးနိုင်ပါပြီ။ တစ်ချို့ ကတော့ ထမင်းကို အုန်းနို့ နဲ့ ချက်ပါတယ်။ သူမတော့ ရိုးရိုးပဲ ချက်ပါတယ်။ ဘဲဥဆားငံလည်း မသုံးထားပါဘူး။ ငါးခြောက်ပါနေလို့ ။ မိတ်ဆွေ တို့ ကတော့ ကြိုက်နှစ်သက်သလို ချက်စားနိုင်ပါတယ်နော်။

ငရုတ်သီး ဟင်းအနှစ်က နောက်ရက်တွေ လည်း အထားခံပါတယ်။ မနက်ခင်းစာ အဖြစ် ကြာဇံကြော် ၊ ခေါက်ဆွဲကြော်နဲ့ လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

ရေနွေးဆူဆူနဲ့ ပြုတ်ထားတာပါ။
ဘလန်ဒါနဲ့ ခြေဖို့ အဆင့်သင့် လှီးထားတာပါ။

ငရုတ်နှစ်တွေ ရပါပြီနော် ။
nasi lemak is an extremely popular dish in m'sia