စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

15 Mar 2012

စားကြမယ့်ဟေ့ကောင်းကောင်း -၁၅

ဒီတခါတော့ ဟင်းအရံလေးတွေ ချက်မယ်နော်။
ပထမဆုံး ကြက်ဟင်းခါးသီး ချက်ပါတယ် ။  ဆီးချို ၊ သွေးတိုး သမားတွေ အတွက်လည်း ကောင်းတယ်လေ ။ အရင်ဆုံး ကြက်ဟင်းခါးသီးကို မထူ မပါး အကွင်းလိုက်တွေ လှီး အစေ့ထုတ်ပြီး ဆားနဲ့ နယ်ထားပါတယ် ။ ဆီသတ်ဖို့ ကြက်သွန်ဖြူ ၊ နီ ၊  ခရမ်းချဉ်သီး တစ်လုံး ပါးပါးလှီးထားပါတယ်။
အဆင့်သင့်ဖြစ်ပြီ ချက်တော့မယ်ဆို ခုဏနယ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကို ရေဆေးချပါတယ်။
ချက်မယ့်အိုးထဲမှာ ဆီထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူ ၊ နီထည့် နွမ်းသွားရင် ခရမ်းချဉ်သီး ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပြီး ကြက်ဟင်းခါးသီးထည့်ပါတယ်။ ပြီးရင် ရေထည့်ထားပါတယ်။ အဖုံးတော့ မအုပ်ပါဘူး ။ အခါးတွေ ထွက်အောင်လို့ ပါ။ ၁၅ မိနစ်လောက်ဆို စားလို့ မြိန်မယ့် ကြက်ဟင်းခါးသီး ဟင်း ရပါပြီရှင် :)

ဟင်းအရံအနေနဲ့ ချဉ်ပေါင် ချဉ်စပ်လေးကလည်း စားကောင်းပါတယ်။ ပုဇွန်ဆိတ်လေး ဝယ်ပြီးသား မရှိတာနဲ့ မထည့် လိုက်ရတော့ဘူး။ ငရုတ်သီးစပ်စပ် နဲ့ ချဉ်ပေါင် ပလိန်း ကလည်း ထမင်းမြိန်စေတယ်လေ..  :0



ခရမ်းသီး နှပ်ကလည်း စားလို့ မြိန်တဲ့ အရံဟင်းတစ်ခွက်ပါပဲ။ 
ခရမ်းသီး နှပ်ဖို့ အတွက် ခရမ်းသီးတွေကို အနေတော် လှီးပြီး ရေစင်စင်ဆေးချပါတယ်။
အနှစ်အတွက် ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ခွဲခြမ်းမှုန့် (ငရုတ်သီးအကြမ်း) တို့ ကို ဆုံထဲမှာ ထဲထောင်းပါတယ်။
အားလုံးအဆင့်သင့် ဖြစ်ပြီဆို ချက်မယ့်အိုးထဲကို ခရမ်းသီးထည့် ၊ ဆုံထဲက ထောင်းတာတဲ့ အနှစ်ကို ထည့် ၊ ဆီ ၊ ဆား ၊ ဟင်းခတ်မှုန့် ထည့်ပြီး မီးဖိုးပေါ်တင်လိုက်ရုံပါပဲ ။ ၁၀ မိနစ်လောက်ဆို အသားဟင်းတောင် မလိုဘဲ စားမြိန်တဲ့ ခရမ်းသီးနှပ် တစ်ခွက် ရပါဘီ ။
သူမအတွက်ကတော့ ခရမ်းသီးနှပ် တစ်ခွက်နဲ့ တောင် စားလို့ မြိန်တယ် ။ ဟိ အရမ်းကြိုက် :D




အလုပ်ပိတ်ရက်မှာ နေ့ ခင်းပိုင်း တီဗွီလေးကြည့်ရင်း စားရအောင် သဘောင်္သီးထောင်းပါတယ်။
သဘောင်္သီးထောင်းဖို့ အတွက်-
  • သဘောင်္သီး အလုံးသေး တစ်ခြမ်း ၊
  • ပုဇွန်ခြောက် ၃ ဇွန်း ၊ မြေပဲဆံ ၃ ဇွန်း ၊
  •  ငရုတ်သီးစိမ်း ၅ တောင့် ( အစပ်မကြိုက်ရင် လျှော့ပါ ၊ ကြိုက်ရင် ပိုထည့်ပါ )
  • ခရမ်းချဉ်သီး အလုံးသေး တစ်လုံး ၊ ပဲသီး နှစ်ထောင့်
ပထမဆုံး သဘောင်္သီး ခြစ်ထားတာကို ကြွပ်နေအောင် ရေခဲရေ စိမ်ထားပါတယ်။
သဘောင်္သီးထောင်းဖို့ အတွက် ငရုတ်ဆုံမှာ ငရုတ်သီးစိမ်း ၊ သကြား ၂ ဇွန်း (ထန်းလျှက် အစား) ၊ ညက်နေအောင် ထောင်းပါတယ်။  ရရင် ပုဇွန်ခြောက် ၊ မြေပဲကို ခပ်ဖွဖွထောင်းပြီး ခုဏရေစိမ်းထားတဲ့ သဘောင်္သီးများကို ရေစင်အောင် စစ်ပြီး ထည့်ပါတယ်။ ပြီးရင် ပဲသီး ၊ ခရမ်းချဉ်သီး ၊ ငံပြာရည် ၊ သံပရာသီးရွှဲရွဲလေး ညှစ်ထည့်တာ ဖွဖွလေးထောင်းပြီး နှံအောင် ဇွန်းနဲ့ နယ်ပြီး ပန်းကန်ထဲ ထည့်ကာ ချိုချဉ်စပ် သဘော်သီးထောင်းကို ကြက်ကြော်လေးနဲ့ တွဲကာ စားလို့ ရပါပြီ။
 




စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကြပါစေရှင်