စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

6 Sept 2011

စားကြမယ်ဟေ့ ကောင်းကောင်း - ၇

ယနေ့ ဟင်းလျာ ကြက် ဂေါ်ရခါး နဲ့ ငပိထောင်း ၊ ငဖယ်ချဉ်ကြော် ၊ ပဲဟင်းချို ၊
ကြက်သား အနေတော်လှီး ၊ ကြက်သားမှုန့် ၊ ဆား ၊ ဆနွင်း နယ်ပြီး နှပ်ထား ၊ ဂေါ်ရခါးသီး အနေတော်တုံး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားတာ ကို ကြက်သားထဲ ထဲနယ် ၊ ပြီးရင် ဂေါ်ရခါးသီးပါ ထည့် ၊ ဆီထည့်ပြီး အကြောတင်းအောင် ဆီ နဲ့ နည်းနည်း လှိမ့်ပြီး ရေထည့်လိုက်ရုံပဲ ။
ငဖယ်ချည်ကတော့ သုတ်မလို့ အဆာပလာ မစုံတာနဲ့ ကြော်ပြီး အရည်သောက်အတွက် ပဲဟင်းချို ချက်။ ငပိထောင်းကတော့ အမေ့လက်ရာ ဗူးကို ဖောက်ပြီးအရန်သင့် စားရုံပဲလေ။ :)