စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

12 Feb 2012

စားကြမယ်ဟေ့ကောင်းကောင်း - ၁၂

မင်္ဂလာပါရှင်။ ဒီတခါအလှည့်ကျတာကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း နဲ့ ဆိတ်သားခြောက် အမွချိုကြော်ပါ။ ဆိတ်သားခြောက် ဆီပြန်ချက်ဖို့ အတွက် 
  •  ဆိတ်သားခြောက်ကို ညနေစာ ချက်ဖို့ အနေတော် လှီးဖြတ်ပြီး မနက်ထဲက  ရေစိမ်ထားရပါတယ်။
  • ဆီသတ်ဖို့ ကြက်သွန်ဖြူ၊နီ ထောင်းပါတယ်။
  • ခရမ်းချဉ်သီး ပါးပါးလှီးထားပါတယ်။
  • အားလုံး ရယ်ဒီဖြစ်ပြီဆို မီးဖိုပေါ်တင် ကြက်သွန်ဖြူနီ နဲ့ ခရမ်းချဉ်သီး ကို ဆီသတ်ပြီး ဆိတ်သားခြောက်ထည့် ရေများများထည့်ထားပြီး မီးမှေးမှေးနဲ့ တည်ထားပါတယ်။




ဆိတ်သားခြောက်အမွချိုကြော်ဖို့ ဆိတ်သားအခြောက်ကို ရေနွေးနဲ့ နူးအောင်ပြုတ်ပြီး အမျှင်လေးတွေ ဖြစ်အောင် နွှာရပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ကြော်ပြီး သပ်သပ်ခွဲထားပါတယ်။ ဆိတ်သားခြောက်ကြော်ဖို့ ခုဏမျှင်ထားတာတွေကို  ကြက်သားမှုန့် ၊ ဆားအနည်းငယ်ထည့်ပြီ မီးဖိုပေါ်မှာ မွလာတဲ့ အထိ ကြော်ပေးရပါတယ် ။ ရပြီဆို ကြက်သွန်ဖြူကြော်နဲ့ ရောနယ် အအေးခံပြီး လေလုံတဲ့ ဗူးထဲမှာ သိမ်းထားရင် ရက်အကြာကြီးထိ အထားခံပါတယ် ။



 မိုးကုတ်လက်ဖတ်ညွှန့် လေးတွေကို ငရုတ်သီး ၊ ကြက်သွန်ဖြူ ထောင်း ပုဇွန်ခြောက်ရောနယ်ပြီး ဆီရွှဲရွှဲလေး လောင်းထားတာပါ။  နှစ်ပြန်ကြော် ၊ ခရမ်းချဉ်သီး လေး နဲ့ တွဲဖက် သုံးဆောင်ကြပါအုန်းနော် ..